13

7 3 0
                                    


[ဤလီယီမျိုးနွယ်ဝင်တွင် အထူးအရည်အချင်း
အချို့ရှိရမယ်一一သံမျှော်စင်လို့သန်မာတဲ့ယောကျာ်း၊
ကလေးတွေက တောဝက်ဖမ်းပြိုင်တယ်။]

ထိုနေ့တွင်ချူဟွမ်သည် တောရိုင်းအသီးအနှံတစ်လုံးကို
သူပါးစပ်တွင်ကိုက်ကာ စာအုပ်တစ်အုပ်ကိုကိုင်၍
သူပုန်းအောင်း အပန်းဖြေဖို့တောဘက်ကို
ရောက်လာခဲ့တယ် - နန်ရှန်းက တောထဲမှာ
သားရဲတိရစ္ဆာန်တွေရှိနေကြောင်း သူ့ကိုပြောပြကာ
သူ့ကို ထိုနေရာနဲ့တတ်နိုင်သမျှ ဝေးဝေးမှာ
နေခွင့်ပေးပင်မဲ့ ချူဟွမ်ကတော့ သိပ်ဂရုမစိုက်ပေ။
တောရိုင်းတိရိစ္ဆာန်တွေက ချစ်ဖို့ကောင်းတယ်လို့
သူထင်နေခဲ့တယ်။

အမြင့်ဆုံးသစ်ပင်ကိုတွေ့တော့ အမြန်တက်လိုက်တယ်။
လမ်းတစ်လျှောက်တွင် သစ်ပင်အကိုင်းအခက်များ
ပေါ်တွင် တွယ်ကပ်နေသော အဆိပ်ပြင်း
မြွေတစ်ကောင်ကိုလည်း တွေ့လိုက်ရသေးတယ်။
အဆိပ်ရှိတဲ့မြွေတွေရဲ့ နယ်မြေကို ရုတ်တရက်
ကျူးကျော်ဝင်ရောက်လာတော့ ချက်ချင်းပင်
အလိုလို တိုက်ခိုက်သည့် လုပ်ဆောင်ချက်ကို
ပြုလုပ်ခဲ့သည်။ချူဟွမ်သည် သူ့လက်ကို
ဆန့်တန်းကာ မြွေ၏ ခုနစ်လက်မကို အတိအကျ
ဖမ်းကိုင်လိုက်ကာ ပြီးနောက်ပေါ့ပေါ့ပါးပါး
ပွတ်သပ်ပေးပြီးတော့ သူ့အသိုက်ရဲ့
ဆန့်ကျင်ဘက် သစ်ကိုင်းပေါ် ပစ်ချလိုက်ပြီး
မဖြိုမနေရအတင်းအဓမ္မဖြင့်
အသိုက်ကိုဖြိုဖျက်ခိုင်းလိုက်သည်။

ဒေါသကြီးသောမြွေပွေးသည် ဒေါသအလွန်ထွက်၍
သစ်ကိုင်းပေါ်၌ လှည့်ပတ်နေသည်။

ထို့နောက် ချူဟွမ်သည် မြွေအသိုက်ကို သိမ်းပိုက်ပြီး တောကြီးမျက်မည်းတွင် သစ်ရွက်များထူထပ်
နေသော အမြင့်တွင် နေရာတစ်ခုရှာဖွေကာ
သစ်ပင်ကြီး၏ ပင်စည်ကို ကျောမှီ၍ ထိုင်နေလိုက်သည်။

ထိုစာအုပ်များကို ပိတ်တော့မည့် ခရိုင်ရှိ
စာအုပ်ဆိုင်ငယ်တစ်ခုတွင် ဝယ်ခဲ၏။
"စာအုပ်ဆိုင်" ကို"စာအုပ်ဆိုင်" ဟု ဆိုကြသော်လည်း
အမှန်တကယ်တွင် ၎င်း၏ အဓိကလုပ်ငန်းမှာ
ထမင်းအေး ငါးနှင့် အာလူးကြော်ဖြစ်ကာ၊
အသုံးပြုပြီးသား စာအုပ်များနှင့် မဂ္ဂဇင်းအချို့ကို
ကိုင်တွယ်ရန် အချိန်ပိုင်းအလုပ်လုပ်နေကြသည်။
အလျင်စလိုဖြစ်နေတာကြောင့်ကော ချူဟွမ်က
အကြောင်းအရာကိုပင် မဖတ်ခဲ့တာကြောင့်ပါ
ထိုစာအုပ်များတစ်ဒါဇင်ခန့် ထုပ်ပိုးပြီး
လက်ကားရောင်းချခဲ့သည်။
သူလီယီမျိုးနွယ်စုကိုရောက်တဲ့အခါ ၎င်းကို
ကြည့်ကြည့်လိုက်တော့ ဓာတ်ပုံများပါသော
မဂ္ဂဇင်းများ၏ နောက်ကျောစာစောင်အားလုံးကို
နန်ရှန်းက ဖယ်ထုတ်ခဲ့ပြီး သူ့အား လေးနက်သော
လက်ရာများစွာဖြင့်သာ ထားခဲ့သည်။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now