20

13 5 0
                                    

[လုကောပဲဖြစ်ဖြစ် အကြီးအကဲတွေပဲဖြစ်ဖြစ်
ချူဟွမ်ကို တခြားသူတွေကို မေးခွန်းထုတ်တာကို
သူမကြိုက်တာကြောင်း ရုတ်တရက်
သ‌ဘောပေါက်လိုက်သည်။]

("မင်းဘာလုပ်နေတာလဲ၊ ငါက မင်းကို
ဖက်‌‌ပေး‌‌စေချင်တာလား)

   
လူတစ်​​ယောက်​သည်​ ဘဝတစ်​ခုခုအတွက်​
ပင်ပန်းနေ​သောအခါ သူထွက်​ခွာ​တော့မည်​ဖြစ်​​ကြောင်း
သူသိလိုက်​သည်​နှင့်​ သူသည်​ နာကျင်မှု၌သာယာသော
တွယ်​တာမှု​လေးကို ခံစား​နေရ​ပေလိမ့်​မည်​-
ချူဟွမ်သည်လီယီမျိုးနွယ်​အတွက်​
လုံးဝပင်​ပန်းနေခြင်းမရှိ​ပေ။

မြစ်တဖက်မှပြန်လာပြီးနောက် ချူဟွမ်သည်
တောထဲသို့ နေ့တိုင်းသွားခြင်းကို ရပ်လိုက်ပြီး
နန်ရှန်းမှလွဲ၍ မည်သူကိုမျှ လျစ်လျူမရှုဘဲ
မျိုးနွယ်စုရှေ့တွင် သူ၏ တည်ရှိနေမှုသည်
ရုတ်တရက် မြင့်မားလာခဲ့သည်။

အရင်တုန်းကချူဟွမ်က ကလေးတွေနဲ့တိရိစ္ဆာန်ငယ်လေးတွေကို မကြိုက်ခဲ့ဘူး။ ကလေးတွေကိုတွေ့တဲ့အခါ ရှောက်ထွက်သွားပြီး အော်ဟစ်သံတွေကြားရတဲ့အခါ ဒေါသဖြစ်ခဲ့တယ်။

ဒါပေမယ့် တစ်နေ့မှာတော့ သူပြတင်းပေါက်ရှေ့မှာ
ရပ်လိုက်တာနဲ့ မော့ကြည့်လိုက်တော့ သစ်ပင်ထိပ်မှာ
လင်းနို့လိုသေးငယ်တဲ့ အရာလေးတွေကတန်းစီနေတာကို
တွေ့လိုက်ရပြီး လည်ပင်းကို ဆန့်ထုတ်ကာ
သူ့ကိုတိတ်တိတ်လေး ချောင်းကြည့်နေတယ်လို့
ထင်ရပေမဲ့အံ့သြစရာကောင်းတာက
ချူဟွမ်ဟာ ၎င်းအတွက်စိတ်အနှောက်အယှက်
မဖြစ်‌တော့ဘူး။

သူ ငယ်ငယ်က ကြောင်တွေ ခွေးတွေကို မကြိုက်ဘူးဆိုတဲ့
အတွေးကို အခု သူ မတွေးနိုင်ခဲ့ဘူး။  သူ့နှလုံးသားထဲတွင်
ဒီလိုပြောခဲ့တယ်- "လုအာက အနာဂတ်မှာကလေး
နှစ်ယောက်မွေးမယ်ဆိုရင်၊  သူတို့မိသားစု
ဒီဘဝမှာ သန့်ရှင်းသပ်ရပ်တဲ့ အချိန်တွေရှိမှာလား။

    
ချူဟွမ်က သူ့လက်ကို မြောက်ကာ သစ်ပင်ပေါ်ရှိ
ကင်းထောက်ထံသို့ဝှေ့းယမ်းပြလိုက်သည်။ 
လည်ပင်းဆန့်ထုတ်ထားသော သားပေါက်ကလေးများ၏ လည်ပင်းများသည် ငှက်ကျားတစ်ကောင်ကနေ
လိပ်တကောင်သို့ ရုတ်တရက် ကျုံ့ဝင်သွားကာ 
ခန္တာကိုယ်ကိုတဖက်သို့တွန့်လိမ်၍
မင်းကငါ့ကိုရိုက်တယ်၊ငါက မင်းကိုကန်တယ်၊ဆိုပြီး
အားလုံးက တစ်ယောက်နဲ့တစ်ယောက်
အပြစ်တင်ကြကာအရင်ရွှေ့ဖို့ ငြင်းဆန်လာတယ်။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now