14

10 1 0
                                    


[မင်းက ဒါထက် ပိုတန်ဖိုးကြီးတယ်လို့ ငါထင်တယ်။]

    

လီယီမျိုးနွယ်မှ ကလေးများ ချူဟွမ်အား
ပေးခဲ့သော ခံစားချက်မှာစကားတစ်ခွန်းတည်း၊
一ရိုင်းစိုင်းတယ်။

နောက်တစ်ခုကတော့ ရိုင်းရိုင်းစိုင်းစိုင်း
ဆော့ကစားကြတာ--- သူတို့ဟာ များသောအားဖြင့်
ကျောင်းသွားကျောင်းတက်ဖို့ မလိုအပ်ဘဲ
တောရိုင်းမြင်းတွေလို တနေကုန် ဒုန်းဒုန်းစိုင်းစိုင်း
ပြေးလွှာကြတယ်။

နောက်တစ်ခုကတော့ ရိုင်းစိုင်းတဲ့ ဇာတ်ရုပ်一
ဒီပုံမှန်ဖြစ်ရပ်ကတော့ ချွန်ထက်တဲ့သွားတွေနဲ့
ချွန်ထက်တဲ့ပါးစပ်ရှိတဲ့ ‌ရှောင်ဖန်းရဲ့ချစ်သမီးဟွားကူးသော့က  တောဝက်တစ်ကောင်ကို သတ်ပြီး  ညီငယ်လေးကို
ငိုအောင်ရိုက်တယ်။

သူတို့၏ကလေးဘဝသည် ရိုင်းစိုင်းပြီး
အထိန်းအကွပ်မဲ့ကာဘိုးဘေးများ၏ရှေ့တွင်
ဂုဏ်ယူဝံ့ကြွားဝံ့ပြကြသော်လည်း အခုအနည်းငယ်
ငလျင်လှုပ်ခြင်းကြောင့် အားလုံးက ထိတ်လန့်နေသော
တောရိုင်းကလေးများအုပ်စုဖြစ်သွား၏။

ငလျင်သည် အနည်းငယ် လှုပ်ပြီး မိနစ်အနည်းငယ်သာ
ကြာသွားသည်။  ယုတ္တိဗေဒအရပြောရလျှင်
အနောက်တောင်ပိုင်းဒေသသည် ဟိမဝန္တာမီးတောင်
ငလျင်ဇုန်တွင်ရှိပြီး အပေါ်ယံမြေလွှာသည်
အတန်ငယ်တုန်ခါနေသည်။ မြေပြင်နဲ့တောင်များ
ရွေ့လျားမှုကြီးကြီးမားမားမရှိ‌သရွေ့ရံဖန်ရံခါ
လှုပ်ရှားတာကထူဆန်းတာတော့မဖြစ်သင့်ဘူး၊
ကလေးတွေအတွက်တော့စိတ်မပူနဲ့၊ အသက်ကြီးသူတွေတောင် ငလျင်ဆိုတာဘာလဲမသိကြဘူး။

    
ချူဟွမ်ကို ပိုလို့တောင် အံ့အားသင့်စေခဲ့တာကတော့
မြေပြင်တုန်လှုပ်သွားတဲ့အခါ ဒီကလေးတွေဟာ
ထူးဆန်းတဲ့ တိတ်တဆိတ် နားလည်မှုနဲ့အတူ
ကောင်းကင်ကို မော့ကြည့်နေကြတယ်။

သူတို့ရဲ့ယုံကြည်ချက်အချို့နဲ့ ဆက်စပ်မှုရှိ‌နေတာလား။ 
လကြတ်ခြင်းသည် ကောင်ကင်းကခွေးများက
လကိုစားတာကြောင့်လို့ ရှေးလူတွေက ယူဆခဲ့သလိုပဲ၊
လီယီလူမျိုးတွေက ငလျင်နဲ့ ဘာကဆက်နွယ်တယ်လို့
ထင်‌‌နေတာလဲ။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now