15

7 1 0
                                    


[ဤကျစ်လျစ်လှသော တွေးခေါ်မှု အနည်းငယ်သည်
ချူဟွမ်၏ မျက်လုံးများထဲသို့ ကျရောက်သွားပြီး
သူ့နှလုံးသား ထိပ်တွင် နူးညံ့သော ခံစားချက်ကို
ခံစားရစေသည်။]

(တကယ်တော့ 'ချောတယ်'ဆိုရင် လုံလောက်ပါပြီ။")

အ‌‌မှောင်ထဲမှာတော့ သူ့အိမ်ရှေ့တွင်
တြိဂံပုံသဏ္ဍာန်မြွေပွေးတစ်ကောင်ရှိနေသည်ကို
တွေ့မြင်လိုက်ရတော့ချုဟွမ်၏ ခံစားချက်မှာ
အနည်းငယ်ပြောမပြနိုင်လောက်အောင်ပင်ဖြစ်နေသည်။
သူ့မှာ တိရိစ္ဆာန်ငယ်လေးတွေကို ဘယ်တုန်းကမှရင်နှီးမှုမရှိခဲ့။ ရှင်သန်ဖို့ တခြားနည်းလမ်းတွေရှိတဲ့ တိရစ္ဆာန်က
သူ့အလိုလို သူ့ကို ရှောင်ကွင်းထွက်သွားတက်ကြတယ်။
နောက်ဆုံးမှာတော့ အဆိပ်ပြင်းတဲ့ သွေအေးမြွေတစ်ကောင်က
သူ့နောက်ကို ပြေးလိုက်လာခဲ့တယ်။

တခြားဘာမှ မတောင်းပါဘူး၊
သွေးနွေးတိရစ္ဆာန်တစ်ကောင်ရဖို့
အချိန်တခုပဲလိုတာပါ ဟုတ်ပြီးလား။

တစ်ချိန်တည်းမှာပင် သူ့စကားနှင့် ခြေသံများ
ပြတ်တောက်သွားပြီး နန်ရှန်းသည် ချက်ချင်းပင်
သူ့အကြည့်‌‌နောက်ကို လိုက်လာခဲ့သည်။
ထိုအချိန်တွင် ၎င်းသည် ချူဟွမ်အမြင် မှားချင်လာမသိ
မြွေက နန်ရှန်းအကြည့်ကိုလှမ်းမြင်ချိန်မှာတော့
ထိန်းမနိုင်သိပ်မရ ကျုံ့သွားတယ်။

အဆိပ်ပြင်းမြွေငယ်‌လေးသည်
မတော်တဆထိတ်လန့်သွားကာ
သူ့အမြီးကိုလှုပ်ယမ်းလာပြီး သူ့ခြေထောက်ကြားထဲ
အမြီးညှပ်ကာလွတ်မြောက်ရန်ထွက်ပြေးချင်သော်လည်း
မွေးရပါချို့ယွင်းချက်အားနည်းမှုကြောင့်
အမြီးညှပ်ထားရန်နေရာမရှိကာ သူ့ကိုယ်သူ
ပိုတင်းကျပ်ဖို့‌ ကွေးထားဖို့ကလွဲလို့
ရွေးချယ်စရာမရှိတော့ချေ။ တစ်ခုပြီးတစ်ခု
ထွေးအန်နေသလိုခေါင်းကို အပေါ်အောက်
ရွှေ့၍ခေါင်းညိတ်ပြကာ ဦးညွှတ်နေခဲ့သည်။

ချူဟွမ်က သူ့မျက်မှန်ကိုကိုင်‌မြောက်ပြီး
မော့လိုက်ကာ"မြွေက ဝိညာဉ်အသိရှိသွားပြီ" လို့
တွေးလိုက်တယ်။

နောက်အခိုက်အတန့်မှာ သူ့ရဲ့ ခိုင်လုံတဲ့
အကြောင်းပြချက်ကို‌ချေပဖို့ခုန်ထွက်လာခဲ့ကာ-
"မဟုတ်ဘူး၊ ငါက ပို‌ ကြောက်‌‌နေတာပါ"

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now