8

12 2 0
                                    

《"အရက်အလွန်အကျွံသောက်ထားလို့ပဲဖြစ်ရမယ်၊"
သူ့အလွဲအချော်ဖြစ်ရတဲ့ အကြောင်းရင်းအားလုံးကို
အတိုချုပ်ပြောပြနေမိတယ်》

သူတို့ဟာ နာရီဝက်ကျော်ကြာအောင်
မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ
"မင်းပုံဆွဲ ငါကခန့်မှန်းဦးမယ်"ဆိုကာ
အမြဲတမ်းကြက်နဲ့ဘဲ လို့အချင်းချင်း
စကားစမြည်ပြောဖြစ်ကြတယ်။

စကားတွေပြောပြီးတာနဲ့ သူပါးစပ်တွေ
ခြောက်သွေ့လာတော့ ခဏလောက်
အနားယူလိုက်တဲ့အချိန် သူတို့နှစ်ယောက်က
ဘာမှလုပ်စရာမရှိတာနဲ့ မျက်နှာချင်းဆိုင်
ထိုင်နေကြတယ်။ထိုနောက် နန်ရှန်းက သူ့ကို
အရက်တစ်ခွက်ထည့်ပေးပြန်တယ်一一ဒါက
သူတို့ခံစားချက်တွေကို ဆက်သွယ်ဖို့
တစ်ခုတည်းသော နည်းလမ်းဖြစ်လာတာပဲ။

ဒါက လည်ချောင်းကို အစိုဓာတ်ထိန်းပေးစေကာ၊
သောက်ပြီးတာနဲ့လက်ဟန်ခြေဟန်အမူအရာနဲ့
စကားပြန်ပြောကြတယ်၊
    
ချူဟွမ်သည် အရက်ထဲရှိ ငါးညှိနံ့ကို
တဖြည်းဖြည်း ကျင့်သားရလာပြီးတော့
ချိုမြိန်တဲ့အရသာကို ခံစားလိုက်ရသည်။ 
နောက်ဆုံးတော့ သူကိုယ်တိုင်ကတောင်
ထိုပုလင်ထဲကနေ  ခွက်ဘယ်လောက်သောက်ခဲ့မှန်းတောင် မမှတ်မိတော့ချေ။ ဘာပဲဖြစ်ဖြစ် စတင်ကာ
ပိုကောင်းလာပြီး၊မူးယစ်နေသော အနေအထားတွင်
သူကကုတင်ပေါ် မှီလိုက်ကာ ရှောင်ဖန်း၏
အပေါ်အောက်ခုန်ပေါက်နေသောပြဇာတ်သရုပ်ဖော်ကိုဦးဆောင်ကြည့်ရူနေ၏။

ဒီလူကိုကြည့်ရုံဖြင့်  သူ့စွမ်းအင်တွေက
သူရင်ဘက်နဲ့ ဝမ်းဗိုဏ်ကြားထဲသို့ စုရုံးနေတာက၊
သူက မြင်းတကောင်ကိုခွထားလျက်ခြေလှမ်းများကို
ဆန့်ထုတ်လိုက်သကဲ့သို့ အော်ဟစ်သံနဲ့အတူ
လက်နှစ်ဖက်လုံးကိုအပြင်ဆန့်ထုတ်ကာ
တစ်စုံတစ်ယောက်၏ လမ်းကြောင်းကို ပိတ်ဆို့ရန်
လှုပ်ရှားမှုကို ဖန်တီးနေတဲ့ ဟန်ပန်ကို မြင်လိုက်ရတယ်။

ချူဟွမ်က ခဏလောက် စိတ်ရှုပ်ထွေးစွာဖြင့်
တွေးလိုက်တယ်- "ရပ်လိုက်၊ မလှုပ်နဲ့၊
ဒီလမ်းကပိတ်ထားတယ်။"

နန်ရှန်းက ရယ်မောလိုက်ပြီး ရှောင်ဖန်းက
စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီးနောက်
သူ့လက်နှစ်ဖက်ကို တွဲလောင်ချထားကာ
လက်ကောက်ဝတ်များကို လျှော့၍
စည်းချက်ကျကျ လှုပ်ယမ်းနေ၏။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now