7

25 2 0
                                    


《အသက်မဲ့နေတဲ့သူ့နှလုံးသားက လှုပ်ရှားနေသလိုမျိုး
တုန်ခါသွားတာကို ခံစားလိုက်ရတယ်》

ချူဟွမ်သည် သူရောက်လာသောအခါမလှုပ်မရှား၊
သူ့အသက်ရှုကြိမ်နှုန်းကိုလည်း မပြောင်းလဲခဲ့ပေ။
သူပတ်ဝန်းကျင် ပတ်ပတ်လည်ကို စူးစမ်းလေ့လာရန်
သူ့အာရုံငါးပါးကို အလိုလိုဦးစွာချဲ့ထွင်ခဲ့သည်။
သူအသိစိတ်ပြန်ရလာတဲ့နောက်တွင်တော့
ထိုကဲ့သို့ မလိုအပ်ဟု ခံစားလာရသည်။
သူ့ကိုနှိပ်စက်ညှဉ်းပန်းတဲ့ အကြောက်လွန်ရောဂါက ပို၍ပြင်းထန်လာတာကို သူတွေ့ရှိလိုက်ရကာ
၎င်းက သူ့ကိုယ်သူ အလေးအနက်ထားလွန်းတဲ့
လက္ခဏာတစ်ခုပါပဲ၊ဒါဟာ မကောင်းသလို
အချိန်မီ ရပ်တန့်ပစ်ရမယ်။

တစ်ချိန်တည်းမှာပင် ချူဟွမ်သည် နောက်ဆုံး
သူ့ခန္ဓာကိုယ်တွင် မသက်မသာခံစားရတာကို
နာလည်းသဘောပေါက်လာချိန်တွင်
အချိန်နှောင်းသွားပြီးဖြစ်၏။

သူသည် အဖျားတက်၍ အလွန်အားနည်းနေကာ
ဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့ခန္ဓာကိုယ်က
ဘယ်နေရာက ဒဏ်ရာတွေက ဘယ်နေရာမှာ
နာကျင်နေမှန်းတောင် အတိအကျမပြောနိုင်ဘဲ
ဘယ်နေရာဖြစ်ဖြစ်အားလုံးက နာကျင်နေတာပဲ
ဖြစ်တယ်။ ဒဏ်ရာများကို ပတ်တီးစည်းရန်အတွက်
သူ့အပေါ်ပိုင်းအဝတ်အစားများကို တစ်စုံတစ်ယောက်မှ ချွတ်ပစ်ခဲ့ပြီး၊သူသည် လက်ရှိတွင်စောင်မှစိုစွတ်သော
အနံ့နှင့်အတူ သက်တောင့်သက်သာမရှိသော
ကုတင်ပေါ်တွင်လဲလျောင်းနေရသည်။


ချူဟွမ်က သူ့ဦးနှောက်ကို ခဏလောက်
ရှင်းထုတ်လိုက်ပြီး လောင်ဝမ်ရဲ့ထင်မြင်ချက်ကို
လေးလေးနက်နက် ရင်ဆိုင်လိုက်တယ်။
သူမသေခင် သရဲကြီးနဲ့သရဲလေးကိုဖမ်းတယ်၊
သူ့စိုးရိမ်သောကတွေကို တည်တည်ငြိမ်ငြိမ်နဲ့
ဖြေရှင်းဖို့ သူတကယ်ကိုလုပ်စရာတစ်ခုခုသွားရှာသင့်ပြီ၊
ဒီကမ္ဘာကြီးမှာ လက်တစ်စုံ လိုအပ်နေတဲ့
နေရာတွေ အများကြီးရှိတယ်၊ပင်လယ်လေးစင်က
မှောင်မည်းနေပြီ၊ မြစ်တွေကလည်းမရပ်မနား
လှုပ်ရှားနေတယ်၊မရေမတွက်နိုင်သောလူများသည်
ချူဟွမ်ကိုယနေ့ ဒီလိုဖြစ်လာစေရန်အတွက်
မရေမတွက်နိုင်အောင်ကြိုးစားအားထုတ်ခဲ့ကြတယ်။
အကယ်၍ သူသည် တစ်နေ့တာလုံး မိမိကိုယ့်ကို
နှိမ့်ချစွာ တွေးတောစဉ်းစားကြည့်နေပါက၊ လူတစ်ယောက်ရဲ့ အသွင်အပြင်က ကျန်နေမှာလား။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now