11

14 1 0
                                    


​[ချူဟွမ်က အလျင်စလို မမေးတော့ဘဲ ဒီနေရာနဲ့
ပတ်သတ်ပြီး အံ့သြစရာတွေ အများကြီးရှိတော့
သူ့မျက်လုံးတွေက နည်းနည်း အလုပ်ရှုပ်သွားတယ်။]

("ငါ လူတွေကိုမကိုက်စားပါဘူး၊တကယ်ပါ)

    

ချူဟွမ်သည် ၎င်း၏ လမ်းကြောင်းသစ်ကို
လောင်ဝမ်အား အသိပေးေသာအခါ
အချိန်တိုတိုနှင့် ထိရောက်မှု‌လေသံဖြင့်
အစီရင်ခံတင်ပြပြီး အခြားတဖက်မှ
၎င်း၏ထင်မြင်ချက်ကို မဖော်ပြမီ一ဆိုလိုသည်မှာ
သူ့မိခင်ကြီးလိုမဆူပူခင်တွင် သူကဖုန်းအရင်ချလိုက်ပြီး
နောက်တော့ သူတို့နှစ်ယောက်အတူ သူဘတ်စ်ကားပေါ်
လိုက်တက်ပြီး ဘယ်ကိုသွားမှန်းဘယ်သူကသိမလဲ။

ချူဟွမ်ကားထဲသို့ရောက်သောအခါ မျက်လုံးမှိတ်ပြီး
ငြိမ်သက်သွား၏။  ထိုအချိန်အထိ လူလိမ်ကို
ရှင်းပစ်သည့် နန်ရှန်း၏ဇာတ်ဝင်ခန်းတခု
သူပြန်သတိရတာကိုထိန်းမနိုင်ပေ‌‌။  ၎င်းကို
သူသာတတ်နိုင်ရင် ဘောင်တစ်ခုခုနဲ့
မှတ်တမ်းတင်ချင်ပြီး၊ခွဲခြမ်းစိတ်ဖြာခြင်း‌နေနိုင်တယ်။

ထိုအချိန်တွင် လူလိမ်သည် မြေပြင်ပေါ်သို့လဲကျပြီးနောက် ပါးစပ်တွင် အမြှုတ်ထွက်နေကာ၊လူများအပြားက
ရပ်တန့်ပြီးကြည့်ရှုရန် ဆွဲဆောင်ခဲ့သော်လည်း
လိမ်လည်သူကိုယ်တိုင် ဤနေရာ၌ အချိန်အတော်ကြာ
နေနေပြီဖြစ်သောကြောင့် ဒေသခံများက သူ့ကို
ရင်းနှီးသော မျက်နှာဖြင့် မှတ်မိကြသဖြင့်
ကြည့်ရှုသူများက ပြန်လည်ထွက်ခွာသွားကြတယ်၊
လူတိုင်းက အစတုန်းက ထင်ခဲ့တာက ဒါက
ဟန်ဆောင်နေတာကြောင့်ဘယ်သူမှဂရုမစိုက်ခဲ့ပေ။

   
တရားခံ နန်းရှန်သည် လူစုလူဝေး၏ အပြင်ဘက်တွင် ပြောင်ပြောင်တင်းတင်း မတ်တပ်ရပ်ကာ လက်ကို
ကျောနောက်ပစ်ပြီးအေးအေးအေးဆေးဆေးကြည့်နေကာ
သူ့အမူအရာမှာ တည်ငြိမ်ပြီးသဘာကျနေလျက်၊
သူကဘာမှမလုပ်ထားသလိုပင်။

လူလိမ်သည်ကြိုးတပ်ထားသော ရုပ်သေးကဲ့သို့
အန်ပြီး တုန်ယင်နေကာ၊မမြင်ရတဲ့လက်က
သူ့ခြေတွေလက်တွေကို ကစားနေသလိုပါပဲ။
ပထမအကြည့်တစ်ချက်မှာ သူဟန်ဆောင်နေပုံရ‌ပြီး
သူသရုပ်ဆောင်တာက နည်းနည်းချဲ့ကား‌‌လွန်နေတယ်။
လူလိမ်သည် အနီရောင်အရာတစ်ခုခုကို
တွေးထုတ်သည်အထိတစုံတ‌ယောက်က သူ့ကို
တည့်တည့်ဖိအားပေးနေသလိုပင်။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now