17

5 4 0
                                    


[ချူဟွမ်သည် ကျောကုန်းပေါ်တွင် အေးတိအေးစက်
ခံစားရပြီး ရုတ်တရက် လှည့်ကြည့်လိုက်ရာ
မြစ်လယ်၌ လူတစ်ဦးကို တွေ့လိုက်ရသည်။]

   
တာ့ရှန်နှင့်အတူ ပါလာသော အခြားလူငယ်
တစ်ယောက်သည် မြင်းကို အလျင်အမြန်ယူလာကာ
ချုဟွမ်အား ဇက်ကြိုးပေးလာသည်။

    
ဤလူကို ချုဟွမ်ကို အထင်ကြီးမိသည် ။သူသည်
ကလေးမလေးပုံစံနှင့် ခပ်ဆင်ဆင်တူကာ
သူကဖော်ရွေပြီး အနည်းငယ်ရှက်တတ်တယ်။
လီယီမျိုးနွယ်စုတွင် အမျိုးသားနှင့် အမျိုးသမီး
နှစ်ဦးစလုံးသည် အခြားနေရာများရှိ လူများထက်
အရွယ်အစား ပိုကြီးသော်လည်းထိုလူကိုကြည့်ရတာ
အလွန်ပိန်တယ်။သူနာမည်ကိုလည်း"ရှည်လျားတဲ့ မြင်းနှင်းတံ"
ဆိုပြီးဘာသာပြန်ဆိုထားတယ်.....

ဘယ်က "နှင်းတံ" ဆိုတာ သူမသိ၊ သူ့မိဘတွေက
သူ့အပေါ်ဘယ်လို မျှော်လင့်ချက်ကြီးထားလဲ သူမသိဘူး။

မြစ်ကိုဖြတ်ပြီး ပစ္စည်းရောင်းဖို့ နန်ရှန်းနောက်လိုက်တိုင်း
အနှီး"မာပျန်း(ရှည်လျားတဲ့နှင်းတံ)"သည်
မျိုးနွယ်စုတွင်းအကောင်းဆုံဖြစ်သူလို့ ဆိုကြတယ်၊
တစ်နှစ်မှာ အကြိမ်အနည်းငယ်လောက် သွားဖြစ်ပေမဲ့
တခြားသူတွေနဲ့ ယှဉ်ရင် လမ်းကို ရင်းနှီးပြီးသားဖြစ်ပြီး
တခြားသူတွေထက် မန်ဒရင်းကို နည်းနည်းပို
ပြောတတ်တယ်။

မာပျန်းသည် ချူဟွမ်အား ရှက်ရွံ့စွာ ပြုံးပြကာ
မြင်းကို ဦးဆောင်၍ "မြန်မြန်သွားကြရအောင်" ဟု
ဆက်လက်တိုက်တွန်းလိုက်သည်။

သူသုံးလေးခါလောက်ပြောတာက ချူဟွမ်၏အမြင်တွင်
မာပျန်းသည် စိတ်မရှည်ဖြစ်‌နေပုံရတယ်။ မာပျန်းစကားပြောနေချိန်၌ တစ်စုံတစ်ခုက သူ့ကိုတိုက်တွန်းနေသကဲ့သို့
တောင်နှင့်သစ်တောများဘက်ဆီကို
လှည့်ပတ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

    
တာ့ရှန်းသည် သူ၏ဓားကို ခါးပေါ်တွင် တင်ထားကာ
သူ့အမူအရာက တင်းမာနေပြီး သူ့လှုပ်ရှားမှုများသည်
ပုံမှန်ထက် အနည်းငယ်ပို၍ အရေးတကြီး ဖြစ်နေ၏။

လူနှစ်ယောက်က ရည်ရွယ်တာလား၊
မရည်ရွယ်ဘဲလားဆိုမသိ၊ တယောက်ပြီး
တယောက်က ချူဟွမ်ကို သူတို့ ကြားထဲမှာ
ညှပ်ထည့်လိုက်တယ်။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now