[ချူဟွမ်သည် သူ့နှလုံးသားက ချည်သားလက်တစ်ဆုပ်စာ
ဖြစ်သွားပြီး ဘောလုံးတစ်လုံးလို ပျော့ပျောင်းသွားကာ သူ့ရင်ဘတ်တစ်ခုလုံးကို ချည်ပျော့ပျော့ဖြင့် ဖုံးအုပ်ထားကြောင်းခံစားလိုက်ရသည်](နှလုံးသားသည် ချည်လက်တစ်ဆုပ်စာအဖြစ်သို့ ပြောင်းလဲသွားတယ်)
ချုဟွမ်သည် ဤအရွယ်ထိကြီးပြင်းလာသောအခါတွင်
သူသည်ကံစီမံသော "ဘေးဒုက္ခ"ခံရမည်ကိုမသိ一
သူကလည်းဘာမှမပြော၊ဘာမှမလုပ်၊ အစမှ
အဆုံးထိအပြစ်ကင်းသော ပဲငံပြာရည်ပုလင်းကို
သူဘေးပစ်ပေါက်လိုက်ရာလူမျိုးနှစ်ခုကြား
ပဋိပက္ခဖြစ်လုနီးပါးဖြစ်သွားတယ်။သူတို့သည် နန်ရှန်းသူ့ကို ကောက်လာတဲ့ ခရိုင်မြို့ကို
အရင်းဆုံးရွေ့သွားရပြီး အဲဒီနေ့ညနေမှာ အနားယူဖို့ ဒေသခံတည်းခိုခန်းတခုမှာ တည်းခဲ့ရတယ်။ ချူဟွမ်သည်
ခရိုင်တစ်ခုလုံးကို အကြိမ်ပေါင်းများစွာ
အပြန်ပြန်အလှန်လှန်ရှာဖွေခဲ့ပြီး နောက်ဆုံးတွင်
ဤသယ်ယူပို့ဆောင်ရေးအချက်အချာကျသော
နေရာသည် စာအုပ်များမရောင်းကြောင်း ဆုံးဖြတ်ခဲ့သည်။ရှားရှားပါးပါး “စာအုပ်ဆိုင်”ကို နောက်ဆုံးအကြိမ်တွေ့ချင်ကမတော်တဆသာဖြစ်၏။ချူဟွမ်သည် သူ့အား
ရောင်းချ၍မရသော သုံးပြီးသားစာအုပ်များအားလုံးကို စွန့်စားရောင်းချပြီးနောက် ထိုဆိုင်သည် အခုတော့ အစားအသောက်ဆိုင်ငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရကာ ထိုဆိုင်တွင် စာရေးစရာ ကျူစာတစ်ရွက်မျှပင်
မရှိခဲ့ပေ။ရိုးသားသောဒေသခံပြည်သူများသည်
“စီးပွားရေးအခြေခံအုတ်မြစ်ချတည်ဆောက်မှုကို
အဆုံးအဖြတ်ပေးသည်” ဟူသည့်အချက်ကို
လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့်ပြသခဲ့ပြီး 一
အခြေခံအုတ်မြစ်အနေဖြင့် အစားအစာရောင်းချခြင်းသည် စာအုပ်ရောင်းခြင်းထက်ပိုကောင်းတယ်။ဤနေရာတွင် ဒုတိယစာအုပ်ဆိုင်မရှိ一ရှင်းဟွာအဘိဓာန်သည် လီယီမျိုးနွယ်စုတို့၏ရတနာဖြစ်လာနိုင်သည်မှာ အံ့ဩစရာမရှိချေ။
YOU ARE READING
ရှန်းဟယ့်ပြောင်လီ(SHBL)
FantasyMyanmar Translation (Zawgyi+Unicode) Title- Shan He Biao Li Author-Priest Status - 77 chapters + 3 extras(2014) This Novel isn't my own.It's just a translation.So full credit to the original writer .