21

16 2 0
                                    

          [လောကကြီးမှာ ပွဲတွေအမြဲရှိတယ်။]

  
ရာသီလေးမျိုးကွဲပြားသည့် တရုတ်နိုင်ငံမြောက်ပိုင်းတွင်
ပုံမှန်အားဖြင့် နိုဝင်ဘာလလယ်နှောင်းပိုင်းများတွင်ဆိုလျှင် အခြေခံအားဖြင့် ဆောင်းရာသီဝင်‌ရောက်တက်သည်။
ချူဟွမ်သည် လီယီမျိုးနွယ်တွင် နေထိုင်ခဲ့သည့်နေ့ရက်များကို
မမှတ်မိတော့ပေ။သူသည် အကြမ်းဖျင်း
တွက်ချက်မှုအချို့ကို ပြုလုပ်ခဲ့ပြီး ဂရီဂေါရီးယန်း
ပြက္ခဒိန်နှစ်နီးပါးရှိပြီးဟု ခံစားခဲ့ရသည်။လီယီမျိူနွယ်က
ဘယ်ပြက္ခဒိန်ကို သုံးထားလဲ သူမသိ၊ ဘာပဲဖြစ်ဖြစ်
အပူချိန်အရ၊ ဒါဟာ ဆောင်းဦးပေါက်အဆင့်မှာပဲရှိပြီး
ချူဟွမ် ဒီကိုရောက်လာတဲ့ အချိန်နဲ့ အတူတူနီးပါးပါပဲ-
အအေးကြောက်သူသည် ပါးလွှာသောလေကာအင်္ကျီကို
ဝတ်ဆင်ထားတယ်။ အချို့သော မိုက်မဲသော ယောက်ျားလေးများသည် အရေထူပြီး သဘောထား ခိုင်မာကြသည်။
ဘာမှမဝတ်ထားရင်တော့ ဘယ်လိုမှမနေဘူး။

သစ်တောထဲက အရွက်တွေက စိမ်းလန်းပြီး
မြက်ပင်တွေက စိမ်းစိုနေဆဲ။  မြွေ‌‌တွေတောင်မှ
ဆောင်းခိုမရသေးပေမဲ့ မနက်နဲ့ ညနေတွေမှာ
နှင်းတွေထူလာတဲ့အခါ အနည်းငယ် အေးနေပုံရတယ်။

ထိုအချိန်တွင် နန်ရှန်းက "ဆောင်းရာသီ"ကို ပြောခဲ့‌တော့၊
ချူဟွမ်သည် မယုံနိုင်လောက်အောင်ခံစားမိနေသေးသည်-
"နန်ရှန်း? မင်းရဲ့နေရာက တောင်ဘက်ဆိုတော့
ဆောင်းတွင်းမှာ အရမ်းအေးတာလား။"

နန်ရှန်းက “ဆောင်းရောက်ရင် သိလိမ့်မယ်” လို့
ပြန်ဖြေလာတယ်။

ဒါပေမယ့် ဆောင်းက ဘယ်အချိန်ရောက်မလဲ။

ဖြစ်နိုင်လျှင် ဆောင်းရာသီသည် ဘယ်တော့မှ
မရောက်နိုင်ဖို့ သူမျှော်လင့်ထားသော်လည်း
အလွန်နည်းပါးသော တွေးတောခြင်းမှ ရှောင်ကြဉ်ပြီး အတွေးမှားခြင်းများသည် နာကျင်မှုကို ပိုမိုဆိုးရွားစေသော ဆေးများဖြစ်သည်။
    
ထိုနေ့ပြီးနောက် ဆယ့်လေးရက်‌မြောက်‌နေ့မနက်တွင်
ချူဟွမ်သည်ထုံးစံအတိုင်း အရုဏ်မတက်မီ
အိပ်ယာထကာ လေ့ကျင့်ခန်းပုံမှန်လုပ်သော်လည်း
တံခါးဖွင့်လိုက်သည်နှင့် အံ့ဩသွားလေသည်။
မြစ်ပေါ်တွင် လွင့်မျောနေသော မြူမှုန်များသည်
ညတွင်းချင်း သိသိသာသာ  ရွေ့လျားနေပြီး
တစ်နယ်လုံးကို လွှမ်းခြုံထား၏။တချက်လှမ်းကြည့်လိုက်တော့အခါ အဝေးက ကျယ်ပြောလှတဲ့ မြင်ကွင်းကတိမ်‌များ၊
တောင်များနှင့် မြူခိုးများဖြင့် ဝန်းရံထားသော
အံ့သြဖွယ်မြင်ကွင်းတစ်ခုဖြစ်‌နေ၏။မျိုးနွယ်စုအိမ်၏
မြင့်မားသောမျက်နှာကျက်အထိ မြူခိုးများထူထပ်နေသည့်ကတိမ်တိုက်တစ်ခုကဲ့သို့ဖြစ်နေပြီးမြေပြင်တစ်ပြင်လုံးတွင်လည်း
အဖြူရောင်အခိုးအငွေ့များ ပေါ်ထွက်နေသည်။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now