23

8 2 0
                                    

[နန်ရှန်၏ မျက်ခုံးများကို တင်းတင်းကြုပ်ထားကာ
တာ့ရှန်းကို  ပေးထားသော ရာဇလှံတံကိုပြန် ယူကာ-
"ငါ့နောက်လိုက်ဖို့ လူအနည်းငယ်ကို လွတ်လိုက်။
မြန်မြန်လုပ်"]

(မင်းပြသာနာရှာတာကလွဲရင် ဘာလုပ်နိုင်‌သေးလဲ။)

    
ဟွားကူးသော့သည် မျိူနွယ်စုခေါင်းဆောင်၏
ရာဇလှံတံကို လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး
နန်ရှန်းနောက်ကို အမီလိုက်နိုင်ရန် ပြေးကာ
စူးစူးရှရှ အသံဖြင့် အော်ဟစ်နေသည်။
  "ခေါင်းဆောင်၊ ခေါင်းဆောင်!"

ရှောင်ဖန်းက သူမကို "နင်ကိုထွက်လာဖို့
ဘယ်သူပြောလဲ၊ ပြန်သွားစမ်!"

အမိဝမ်းထဲက‌နေ ဟွားကူးသော့က သူ့အဖေကို
စိန်ခေါ်ရဲပြီးပြေးလာတဲ့လေက ပြင်းထန်တဲ့
တိုက်ခိုက်ရေးစိတ်ဓာတ်ကိုယူဆောင်လာတယ်။

"ငါကဆယ့်နှစ်နှစ်ရှိပြီ!"သူမကကျယ်လောင်စွာ
အော်ဟစ်လာသည်။
"ငါက အဲဒီကောင်တွေနဲ့ မတူဘူး၊ငါက
တောင်စောင့်ရှောက်သူလုပ်နိုင်ပြီ။"

နန်ရှန်းသည် ရာဇလှံတံကိုယူ၍ ကြမ်းတမ်းစွာ
မပြော‌ဘဲ “ပြန်သွား” ဟု အနည်းငယ်
မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ထိုအကြောင်းကို ပြောရလျှင် နန်ရှန်းသည်
မျိုးနွယ်စုရှိ ကလေးများအပေါ် အလွန်စိတ်ရှည်ပြီး
နူးညံ့သိမ်မွေ့သည်ဟုဆိုနိုင်တယ် - အနည်းဆုံးတော့
သူသည် ချူဟွမ်ထက် စိတ်ရှည်ပြီး
သူတို့အားကျယ်လောင်စွာပြောလေ့မရှိပေ။
သို့သော်သူ့အဖေအိုကြီး၏ မကြာခဏ
ထန်းရွက်ပန်ကာကဲ့သို့ ပါးရိုက်ခြင်းနှင့်နှိုင်းစာလျှင်
မျိုးနွယ်စုခေါင်းဆောင်၏ အနည်းငယ်မကျေမနပ်မျက်လုံးများသည်  အဆိုပါ သားပေါက်ကောင်များကို
အမြဲတမ်းဟန့်တားနိုင်သည်။

ဟွားကူးသော့က နန်ရှန်းကို အကြည့်တစ်စုံပေးလာသည်။
မူလကသုံးပေမြင့်သော မောက်မာမှုသည်
ပွက်ပွက်ဆူနေသောပဲတောင့်အရွယ် မီးပွားအဖြစ်သို့
လျော့ကျသွားပြီး နောက်မှ တဖျပ်ဖျပ်ခတ်ကာ
ငြိမ်သက်သွားသည်။  သူမသည် သူ့မျက်နှာကို
ဂရုတစိုက်ကြည့်ကာ မာန်မာနကြီးရန် လုံးဝမဝံ့‌တော့ဘဲ ခြေချောင်းများကိုမြေပြင်ပေါ်၌ခြေဖမိုးနှင့်ပွတ်တိုက်ကာ 
ခဏလောက်နေ၍ ရှက်စိတ်ဖြင့်ပြန်သွားခဲ့သည်။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now