12

12 2 0
                                    

[ချူဟွမ်သည် လူကောင်းကတ်ပြားကို မသိလိုက်ပါဘဲ
လက်ခံရရှိခဲ့ကာ မသိလိုက်ပါဘဲ ကျေးလက်
ကျောင်းဆရာတစ်ဦးအဖြစ် စတင်ခဲ့သည်။]

(ကျေးလက်ကျောင်းဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုမယ်။)

လီယီလူမျိုးများ၏ အခြေချနေထိုင်မှုတွင်
အကြောင်းအမျိုးမျိုးကြောင့် နေအိမ်အများအပြား ပြောင်းရွှေ့နေထိုင်ခဲ့ကြ‌တော့ လစ်လပ်နေတဲ့
အိမ်တွေ အများကြီးရှိကာ၊ နန်ရှန်းကချူဟွမ်ကို
သူလိုချင်တာ ရွေးခွင့်ပေးလိုက်သော်လည်း
သစ်တောအနီး မြစ်ကမ်းတစ်လျှောက်တစ်ခုမှမပါရှိပေ။

နန်ရှန်းသည် အကြောင်းပြချက်ကို မရှင်းပြသလို
ချူဟွမ်ကလည်းမမေးပေ။ မြစ်ကိုဖြတ်ပြီးကတည်းက အကြောင်းပြချက်မရှိဘဲ ဒီနေရာကို သူအမြဲတမ်း
ကြောက်ရွံ့နေခဲ့တယ်။

သင့်တွင်ပြတ်ပြတ်သားသားစီရင်ဆုံးဖြတ်ခွင့်မရှိသည့်အခါ သင့်ကိုယ်ပိုင်အသိစိတ်ရဲ့စီရင်ချက်ကိုယုံကြည်ပါ၊ ထို့ကြောင့် ချူဟွမ်သည် ၎င်း၏ဆဋ္ဌမအာရုံကို
ပြတ်ပြတ်သားသား နာခံခဲ့သည်။

ထို့အပြင် ဤနေရာရှိ မိန်းကလေးများသည်
ဝီရိယအလွန်ရှိကြသည်၊ မိုးမလင်းမီတွင် ရေချိုးရန်
မြစ်ထဲသို့ သွားကြပေမည်။ သန်မာသော
သက်ကြီးရွယ်အိုများ၊ လူလတ်ပိုင်းနှင့်
ငယ်ရွယ်သော မိန်းမပျိုအုပ်စုတစ်စုသည်
ဝိုင်းဖွဲ့ ရယ်မောရင်းစကားစမြည် ပြောဆိုနေကြပြီး ရင်ပြင်မှာ ကခုန်နေကြတဲ့ အဘွားကြီးတွေထက်သာ၍ကောင်းမွန်ကြတယ်။ တနေ့တော့ပြတင်းပေါက်ဖွင့်ပြီးကြည့်လိုက်တာနဲ့ ကန့်သတ်ထားတဲ့ မှန်ဘီလူး(မျက်မှန်)အတွင်းကနေအလွယ်တကူ
မြင်နိုင်မှာတယ်....

သင်သိပါသလား၊ လက်တွေ့ကမ္ဘာရှိ ကန့်သတ်ထားသောအဆင့်များသည် နှစ်လွန်ဖွယ်ကောင်းလွန်းသည်မဟုတ်၊ အများစုမှာ ခွေးမျက်လုံးဖောက်ထုတ်ရန်
မစောင့်နိုင်သူများဖြစ်၏။

နန်ရှန်းက မပြောပြရင်တောင် သူမြစ်ကမ်းကို မရွေးဘူး။

ချူဟွမ်သည်စက်ဝိုင်းပုံစံလှည့်ပတ်နေပြီးသူ့နေအိမ်ကို
အမြန်ဖြေရှင်းလိုက်ကာ- သူသည် အထီးကျန်နေသော အိမ်ဟောင်းကို စိတ်ကူးကြည့်မိလိုက်သည်။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now