29

34 4 1
                                    


[မင်းနောက်ဆုံးတော့  ဒီရေကို မလှည့်နိုင်ရင် တဘဝလုံးအထီးကျန်စွာနဲ့မျှော်လင့်ချက် အလင်းတန်းကို
ကြိုးစားရှာဖွေနေမှာလား။]

( တဘဝလုံးအထီးကျန်စွာနဲ့မျှော်လင့်ချက် အလင်းတန်းကို
ကြိုးစားရှာဖွေနေမှာလား။။)

   
နန်ရှန်း၏ မျက်လုံးများသည် နက်ရှိုင်းသော်လည်း
သူ့မျက်လုံးများသည်အလွန်တိမ်မြုပ်ကာ ပျော်ရွှင်မှု၊
ဒေါသ၊ ဝမ်းနည်းမှုနှင့် ကျေနပ်အားရမှုတို့သည်
အမြဲတမ်းကင်းရှင်း‌နေသည်။

သူဤသို့ပြောသောအခါ၊ နက်မှောင်သောမျက်လုံးများတွင် မျှော်လင့်ချက်က မှုန်ဝါးသွားပြီး ထိုမျှော်လင့်ချက်မှဆင်းသက်လာသော ထိတ်လန့်မှုကဖုံးလွှမ်းသွားသည်။၎င်းတွင် အရသာအမျိုးမျိုးရှိသော်လည်း အတင်းအကျပ်ချုပ်ကိုင်ထားခြင်းမရှိပေ။

တစ်ခါတစ်ရံ တိတ်ဆိတ်ခြင်းသည် အသံထွက်တာထက်
ပိုကောင်းသည်။  အတင်အကျပ် အကျပ်ကိုင်မှုက
အကြီးမားဆုံးသောနှိပ်စက်ညှဉ်းပန်းခြင်းမဟုတ်။
ချူဟွမ်သည် တစ်ချက်ကြည့်လိုက်ရုံနဲ့ အသက်ရှူမဝသလို
ခံစားလိုက်ရတယ်။

သူသည် အဝါရောင် မြက်ခင်းများဖြင့် မြေပြင်ပေါ်တွင်
ရုတ်တရက် ပက်လက်လှဲအိပ်လိုက်ရာ  မြေဆီလွှာတွင်
သင်းပျံ့သော အနံ့အသက်များ ရှိနေသည်။တစ်နှစ်ပတ်လုံး အလင်းမှအမှောင်သို့ပြောင်းလဲသွားနေသော မြူခိုးအငွေ့များ
ကျန်နေခဲ့သကဲ့သို့၊ ပွင့်ဖူးသော လာဗင်ဒါပန်းပွင့်လေးတစ်ပွင့်သာ သူ့မျက်နှာဘေးတွင် ရှိနေပြီး ထင်ယောင်ထင်မှားဖြစ်စေသော မွှေးရနံ့လေးများ ထွက်ပေါ်လာသည်။

ချူဟွမ်က နန်ရှန်းရဲ့မေးခွန်းကို မဖြေဘဲ
"မင်း အပြင်မထွက်နိုင်တာကိုဘာလို့ တရုတ်စာသင်ကြားဖို့ တစ်ယောက်ယောက်ကိုလိုအပ်နေသေးတာလဲ။"

နန်ရှန်းသည် ခဏမျှ နှုတ်ဆိတ်နေခဲ့သည်- "တစ်နေ့နေ့မှာ
မျိုးနွယ်စုတွေ ဒီကနေ ထွက်သွားနိုင်မယ်လို့ ငါမျှော်လင့်တယ်။ပြင်ပကမ္ဘာကိုကြည့်မယ်။မြင်းတွေထက် ပိုမြန်တဲ့ မင်းတို့ရဲ့ မြေအောက်ရထားတွေကို စီးကြည့်မယ်။ ကောင်းကင်ဆီကို ပျံသန်းမယ်၊တစ်ခါမှ မမြည်းဖူးတဲ့အစားစာ‌‌တွေကို
တစ်ခုပြီးတခုမြည်းစမ်းကြည့်မယ်။  ဒီရှုခင်းက သေးငယ်လွန်းတော့ မျိုးဆက်တစ်ခုပြီးတစ်ခု မြင်ရတာ ငြီးငွေ့လာလိမ့်မယ်။"

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now