6

28 4 0
                                    

Volume(1) : The Modern World

[သူသည် ထိုသူ၏အသွင်အပြင်ကိုကောင်မွန်စွာမမြင်ရ၊ သူ၏ရှည်လျာသောအနက်ရောင်ဆံနွယ်က
အနက်ရောင်အလံတခုလိုဖြစ်နေတာကိုသာမြင်ရပြီး၊
လေနှင်အတူရွေ့လျားနေတာက ကြည့်ရူသူတိုင်းကို
မိန့်မောတွေဝေစေတယ်၊ ]

နယ်လှည့်ဘတ်စ်ကားသည် လမ်းတစ်လျှောက်
ခရိုင်နှင့် မြို့ငယ်များစွာကို ဖြတ်ကျော်သွားကာ
ရှုပ်ထွေးနေသော ခရီးသည်များလည်း
တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

နောက်ဆုံးမြို့ငယ်လေးကို ဖြတ်ကျော်ပြီးတဲ့နောက်တွင် ခရီးသည်နှစ်ဦးသာ ကျန်ရှိတော့တယ် -
တက္ကသိုလ်ကျောင်သားအသွင်ပုံပေါက်သည့်
မျက်မှန်တပ်ထားသည့် လူငယ်တစ်ဦးနှင့်
ဘတ်စ်ကားပေါ်တက်တဲ့နောက်ဆုံးတန်းမှာ
မလှုပ်မယှက် အိပ်ပျော်နေတဲ့
အမျိုးသားတစ်ယောက်လည်း ရှိတယ်။

ယာဉ်မောင်းက သူ့ကိုယ်သူအပန်‌ဖြေဖို့အတွက် ဘတ်စ်ကားပေါ်ကဆင်းခဲ့တယ်။ 
သူပြန်ရောက်သောအခါ သူက ခါးပတ်ပတ်နေရင်
မန်ဒရင်းလိုလေယူလေသိမ်အသံဖြင့်
ကားရှိကျန်လူနှစ်ဦးအားအော်ပြောလာသည်။
“ဟေး၊ ဆင်းချင်တဲ့သူတွေ ဒီမှာဆင်းလို့ရတယ်နော်။ 
ကျွန်‌‌တော်တို့ကရှေ့ကတောင်တွေထဲကို
ဝင်ရတော့မယ်၊ နောက်ဘူတာကိုရောက်ဖို့ကလည်း
ခုနစ်နာရီကျော်ကြာဦးမယ်။  အဲဒီဘူတာကိုကျော်သွားရင် ခင်ဗျားတို့ဆင်းသွားစရာနေရာမရှိတော့ဘူး။”

လူငယ်သည် ဝင်ပေါက်တွင် ထိုင်နေပြီး
သူ၏ဖုန်ထူသောခရီးဆောင်အိတ်ကြီးတစ်လုံးကို
လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထား၏။
သူကဆင်းချင်နေပုံပေါ်သော်လည်း အနည်းငယ်
စိတ်မသက်မသာဖြစ်နေပုံရတယ်၊
သို့သော်လည်း သူသည် ယင်းနှင့် ပတ်သက်၍ အနည်းငယ် ချီတုံချတုံ ဖြစ်နေကာ
သူသတိထားနေမှုကြီးက သူ့ဘဝ၏
လမ်းဆုံလမ်းခွတွင် ရပ်နေသကဲ့သို့
အရှေ့အနောက်ပြန် မျှော်ကြည့်နေ၏။

ခဏကြာတော့ သူက ကားသမားကို
တိုးတိတ်စွာမေးလာတယ်၊
"ရှီဖူ၊ တောင်ပေါ်မှာ နေထိုင်တဲ့ လူတွေက
အပြက်ထွက်လာဖို့ အဆင်မပြေဘူးလား"

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now