27

12 3 0
                                    


[ငါကလည်း အပြင်လူတစ်ယောက်ပဲ၊ ဘာလို့ဒီမှာရပ်နေသေးတာလဲ။]

(မင်းက အကြီးအကဲ ဇနီးကိုဖြာယောင်ခဲ့တာပဲ)

 
"မင်းတစ်ကိုယ်လုံးမှာ ဒဏ်ရာဟောင်းတွေ အများကြီးရှိနေတယ်"
နန်ရှန်းက ဆေးပန်းကန်လုံးကို ချလိုက်ပြီး "ဒါက မင်းအတွက်
အကြီးအကဲ ပြင်ဆင်ထားတဲ့ ဆေးပဲ။ မင်းသောက်လိုက်ရင်
ပိုကောင်းသွားလိမ့်မယ်။"

ချူဟွမ်သည် "ဆေး" ဟုခေါ်သော အရာကို တစ်ချက်ကြည့်လိုက်တယ်一ဒါကို ဝက်စားလို‌ ပြောမယ်ဆိုရင် ဝက်တွေကတောင်
ပုန်ကန်ထကြွတော့မယ်လို့ထင်ရတယ်။

သူ နှာခေါင်းရှုံ့ပြီး အနံ့ခံလိုက်ကာ လီယီမျိုးနွယ်၏သွေးထဲတွင် ပျံ့နှံ့နေသော မှောင်မိုက်သော ဟင်းချက်စွမ်းရည်ကို လေးလေးနက်နက် ခံစားလိုက်ရသည်။

အိုး...အစ်မကြီးချွမ်းထျန်းကလွဲရင်။

ချူဟွမ်သည် မသောက်မှီ အသက်ဝဝရှုသွင်းကာ
သူ့စိတ်အခြေအနေကို အပြည့်အဝ ပြုပြင်ပြောင်းလဲပြီးနောက်
အကြီးအကဲ၏ သတ်ဖြတ်မှုသဘောတရားကို လျှော့တွက်မိ
နေဆဲဖြစ်သည်။  ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုကို မခံနိုင်သောကြောင့်သူ့လျှာတစ်ခုလုံးကအလုပ်မလုပ်တော့ဘဲ
ချူဟွမ်သည် ခေါင်းအုံးဘေးရှိ ရေပန်းကန်လုံးတစ်လုံးကို အလျင်အမြန်ယူကာ ပျို့အန်ချင်စိတ်ကို သက်သာစေရန်
တစ်ကျိုက်တည်း သောက်ချလိုက်ပြီး အားနည်းစွာ မေးလိုက်သည်။"ငါ..မင်းရဲ့ အကြီးအကဲဇနီးကိုဖြာယောင်ခဲ့မိလို့လား။"

နန်ရှန်းကလေးနက်စွာ ပြန်ဖြေလာသည်။
“မဟုတ်ဘူး၊ အကြီးအကဲရဲ့ ဇနီးက သေသွားတာ
ဆယ့်ငါးနှစ်ရှိပြီ”

သူစကားပြောပြီးတဲ့ နောက်မှာတော့ တစ်ခုခုမှားနေပြီလို့
ခံစားရကာ  စက္ကန့်အနည်းငယ်ကြာအောင် သေသေချာချာ
တွေးကြည့်ပြီးနောက် သူ့အသိစိတ်တွေ ပြန်ပေါ်လာတယ်။
“မင်း ငါ့ကို နောက်နေတာလား။

ချူဟွမ်: "......"

နန်ရှန်းသည် ၎င်းအကြောင်းကို သေသေချာချာ တွေးတောကာ အကြောင်းအရာကို သေချာခွဲခြမ်းစိတ်ဖြာ၍
သူမှတ်ဉာဏ်ထဲရှာဖွေခဲ့သည်။
 "ငါနားလည်ပြီ၊ မင်းပြောတဲ့စကားက "ယောကျာ်းကိုသတ်
သူ့မိန်းမကိုသိမ်းယူတာကို မုန်းတီးတယ်"ဆိုတာလား။"

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now