25

20 3 0
                                    


          Volume -2 Another world
[သို့သော် နန်ရှန်းသည် သူ့ကို မြေပြင်ပေါ်သို့ကျခွင့်မပေးကာ
သူလက်မောင်းနှစ်ဖက်အပြည့်ဖြင့် သူ့ကိုကောက်ချီလိုက်ပြီး]

(ချူဟွမ်၏လက်ကို စောင်ထဲသို့ ဖြည်းညှင်းစွာထည့်လိုက်သည်။)

   
ချူဟွမ်သည်  သူ၏စိတ်ပိုင်းဆိုင်ရာအရိပ်အောက်မှ လွတ်မြောက်သွားခြင်း ဖြစ်နိုင်တယ်။ မြင်းပေါ်မှပြုတ်ကျသည့်အခိုက်တွင် မေ့မြောမှုနှင့် နိုးကြားမှုတို့ကြား
ပျံ့လွင့်နေသည့် သူ့စိတ်သည် ပြင်းထန်သော
ဖိစီးမှု‌‌ အောက်တွင်တခဏတာတုံ့ပြန် နိုးထလာသည်။

ဤအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ချူဟွမ်သည်
တုန်လှုပ်ချောက်ချားစွာဖြင့် ပြန်သတိရလာသည်။
"ငါ ဒါကို ထပ်ခုန်ရပြန်ပြီလား"

နောက်တော့ ဒီလိုမဟုတ်မှန်း သတိရမိတော့
သူစိတ်သက်သာရာရသွားပြီး ကြည်လင်တဲ့စိတ်နဲ့
လဲကျသွားခဲ့တယ်။

   ချူဟွမ် ၏ ဘယ်ဘက်တစ်ခြမ်းသည် ထုံကျင်နေသော်လည်း
မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် လည်ပင်းရိုးမကျိုးစေရန် အတတ်နိုင်ဆုံး သူ့ကိုယ်ဟန်အနေအထားကို
ကောင်းစွာပြင်ဆင်ထားဆဲဖြစ်သည်။

     သို့သော် နန်ရှန်းသည် သူ့ကို မြေပြင်ပေါ်သို့ကျခွင့်မပေးကာ
သူလက်မောင်းနှစ်ဖက်အပြည့်ဖြင့် သူ့ကိုကောက်ချီလိုက်ပြီး
သူသည် နန်ရှန်းက အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း
မကြာမီ သိလိုက်ရသည်။

     နန်ရှန်း၏ လက်ဖဝါးများသည် နွေးထွေးပြီး တည်ငြိမ်သောကြောင့် လူအများကို လုံခြုံစေသော ခံစားချက်ကို
ပေးစွမ်းနိုင်သော်လည်းဤလုံခြုံ‌သောခံစားမှုသည်
ယခုအချိန်တွင် ချူဟွမ်၏စိတ်ကိုသက်သာစေနိုင်ခြင်းမရှိပေ။  သူက အလွန်စိတ်ဓာတ်ကျနေကာနန်ရှန်းရှေ့မှာ
သူပေါ်လာတိုင်းတဲ့အချိန်တိုင်း ကလူစွမ်းကောင်းမဆန်
ဖြစ်နေတာကိုသူလက်မခံနိုင်ဘူး။

သစ်ပင်အကိုင်းအခက်တွေနဲ့ အထိုးခံရရတဲ့အမည်းစက်က
အခုထိ မပျောက်သေးဘူးကွ!

မျိုးနွယ်စုကလူအများအပြားသည်" ဝိုင်းအုံလာခဲ့ကြပြီး"
ရှောင်ဖန်း၏အမူအရာမှာ အလွန်တင်းမာနေခဲ့သည်။
ချူဟွမ်သည် ယခုအချိန်တွင်သူမည်သို့သောဝက်ဝံ
အမျိုးအစားဖြစ်နေသည်မသိ။ မည်သို့ပင်ဖြစ်စေ
ရှောင်ဖန်း၏အမူအရာကနေ အဆုံးအဖြတ်ပေးနေတာက
သူသည်အနောက်ဘက်သို့ပျံသန်တော့မည်ခံစားချက်မျိုး
ရလိုက်သည်--ထိုညီအစ်ကိုချူဟွမ်အသက်ရူသံကိုစမ်းကြည့်ဖို့  အနည်းငယ်တုန်ရီနေသောသူလက်ကိုဆန့်ထုတ်လိုက်သည်။

ရှန်းဟယ့်ပြောင်လီ(SHBL)Where stories live. Discover now