Part-1

1.2K 103 46
                                    


"အမတ်ချုပ်အသစ် မြို့ထဲကို၀င်လာပြီ! အမတ်ချုပ်အသစ်မြို့ထဲကို၀င်လာပြီ! တော်ကောက်ဖို့အချိန်ဘယ်လောက်မှမလိုတော့ဘူး သတင်းအသစ်တွေ!သတင်းအသစ်တွေ"

ဖက်ထုပ်ပေါင်းအိုးလေးကိုလှပ်လိုက်တာမို့
ဖက်ထုပ်အိုးကရေနွေးငွေ့တွေကဆောင်းတွင်းအေးအေးရဲ့လေထုထဲသိသိသာသာထင်ထင်ရှားရှားရိုက်ခတ်သွားသည်။လေပွေလိုအတင်းဆန်တက်လာတဲ့အငွေ့ပူပူတွေက ညနေပိုင်းဆောင်းလေကြောင့်အေးနေတဲ့ပါးပြင်ဖောင်းဖောင်းလေးနဲ့တွေ့တော့ ပါးနှစ်ဖက်ကချက်ချင်းခံစားလိုက်ရတဲ့အပူကြောင့်ရဲတွတ်သွားသည်။

"အာ..ပူလိုက်တာ"

"အမတ်ချုပ်အသစ်!!! ရောက်လာပြီးတော်ကောက်မည့်သတင်းနော်!"

နားနားကပ်အော်လာတာကြောင့်ကိုယ်ကိုရို့လိုက်ပြီး
နှာခေါင်းကိုရှူံ့လိုက်သည်။ ဆောင်းဒဏ်ကြောင့်
နှာရည်ရှူံတာမဟုတ်သလို ဆူဆူလောင်လောင်အသံကြောင့်စိတ်အနှောင့်အယှက်ဖြစ်တာမဟုတ်ပါ။

စက္ကူတွေပေါ်မှာလက်ရေးနဲ့ရေးထားတဲ့ အမတ်ချုပ်အသစ်ရဲ့ သတင်းဟာသူတို့မြို့ရွာလေးမှာပျံ့နှံ့နေတာ အတော်ကြာပြီ။ဒါပေမယ့် လူတစ်ကိုယ်လုံးမပြောနဲ့အမြှီးလေးတောင်မမြင်ရပဲ တော်ကောက်မယ်ပဲလုပ်နေတာကတော့သိပ်တော့အဓိပ္ပါယ်မရှိဘူး။

ဘာပဲဖြစ်ဖြစ် အမတ်ချုပ်ဆိုတော့အနည်းဆုံးအသက်၅၀တော့ကျော်မှာပဲပေါ့။Buildကတော့ယောကျာ်းလေးမို့သိပ်တော့ကိစ္စမရှိလှပေမယ့်သူတို့မြို့ရွာလေးကမိန်းကလေးတွေကိုတော့အတော်ယူကြုံးမရဖြစ်မိသည်။ အာဏာနဲ့မတရားချုပ်ကိုင်ပြီးလူကြီးတစ်ယောက်ရဲ့အငယ်အနှောင်းဖြစ်ရတဲ့ဘ၀ကသိပ်ကိုသိမ်နုပ်တယ်လို့သူလိုစျေးမှာဖက်ထုပ်ရောင်းတဲ့လူတောင်သိသည်။ ရန်သူမျိုးငါးပါးထဲမှာတောင်မချစ်မနှစ်သက်တဲ့လူဆိုသည့်ဟာကပါသည်မလား။တော်တော်မွှန်းကျပ်ဖို့ကောင်းသည်။

"ဘယ်နေ့တဲ့လဲ"

"သိချင်ရင်၀ယ်ဖတ်လေ"

သတင်းစာရောင်းတဲ့လူက အကြောကြီးနဲ့တပြန်ကြီးပြန်စကားနှဲ့လိုက်တော့ ဖြူဖြူဖွေးဖွေးနှင်းလုံးလေးနဲ့တူလွန်းလို့ နှင်းတွေနဲ့ရောမတက်ဖြစ်နေတဲ့ကောင်လေးက အအေးဒဏ်ကြောင့်ခဲတောင့်နေတဲ့အကြွေစေ့လေးတွေသူ့ရဲ့မလုံ့တလုံ့အနွေးထည်အစုတ်ထဲကနေထုတ်ပေးလိုက်သည်။

Dimples And Dumplings (Completed) Where stories live. Discover now