"အမတ်ချုပ် နေ့လည်စာကမလာသေးဘူးလားဗျ"
မျိုးရိုးမြင့်ကမပြုံးချင်ပြုံးချင်နဲ့ လုပ်ပြုံးကြီးကို သွားအတင်းစိပြီးရီပြလိုက်သည်။
တကယ်ပါပဲ လာလာ,မလာလာသူနဲ့ဘာဆိုင်တာကျ။အမတ်မင်းက ဒီရက်ပိုင်းတာ၀န်ပိုလာသည်။
ပစ်မှုစီရင်ရေးမှာလူမလုံလောက်မှုကြောင့်
တာ၀န်လစ်ဟင်းတာမျိုးတွေဖြစ်လာရသည်။နန်းတွင်းရဲ့ အသွားအလာက နန်းတွင်းစာမေးပွဲအောင်ရုံနှင့်မပြီးသေးပဲ စာတွေ့အောင်လျှင် ဆရာသခင် (သို့) အမတ်တွေနားနေကာ လက်တွေ့ပါကျွမ်းအောင်သင်ယူပြီးမှ အလုပ်စဆင်းရသည်။
အလုပ်စဆင်းရသည့်အလုပ်ကား စာပို့စာယူတောက်တိုမယ်ရကနေစပြီး တစ်ဖြေးဖြေး အရည်အချင်းတိုးတက်လာမှ အခစား၀င်ခဲ့သည့်သက်ဆိုင်ရာအမတ်ဆီမှ အရည်အချင်းပြည့်မှီကြောင်းခွင့်ပြုချက်သ၀န်လွှာ ရယူပြီး အမတ်ငယ်တာ၀န်ကိုစထမ်းရသည်။ပစ်မှုစီစစ်ရေးမှာလူလိုတာကြောင့်
ထိုသို့အဆင့်ဆင့်လုပ်ယူရတဲ့အရည်ချင်းတွေကို
ကျော်ချကာ စာတွေ့အောင်လျှင် အမတ်ငယ်တန်းလုပ်ခိုင်းတော့ အမတ်ဌာနကလူတိုင်း နန်းတော်တိုင်လုံးကို လက်ချင်းဆွဲပြီး၀ိုင်းကြီးပတ်ပတ်ဒူ၀ေ၀ေ လုပ်ရင်း တိုင်တွေပတ်ကုန်တာပေါ့။ဒါတော့မဖြစ်ချေဘူးဆိုပြီးရှင်ဘုရင်ကိုလျှောက်ထားတော့ အမြန်ဆုံးနဲ့ အချိန်အသက်သာဆုံး အရည်အချင်းပြည့်မှီအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းကထွက်ပေါ်လာပြန်ပါရော။
သို့လောသို့လောနဲ့ အရည်အချင်းအရှိဆုံး လုပ်ငန်းကိစ္စတွေကိုင်တွယ်မှုအသပ်ရပ်ဆုံး အမတ်တစ်ယောက်ရဲ့လက်အောက်ဆီမှာ နန်းတွင်းစာမေးပွဲ အောင်ပြီးသားကလေးတွေကို လေ့ကျင့်ခိုင်းသင့်ပါတယ်ဆိုတဲ့အဆိုကိုဘုရင်မင်းမြတ်ကသဘောကျသွားတော့တယ်။
မေးခွန်းပေါ်မေးခွန်းဆင့်ဆိုသလို အရည်အချင်းအရှိဆုံး လုပ်ငန်းကိစ္စတွေကိုင်တွယ်မှုအသပ်ရပ်ဆုံး အမတ်ကဘယ်သူလဲဆိုပြီး နောက်မေးခွန်းပေါ်ထွက်လာတဲ့အချိန်မှာ အားလုံးရဲ့လက်ညိုးတွေက အမတ်ချုပ် Bibleဆီတစ်ညီတစ်ညွတ်ထဲ၀ိုင်းထိုးကြတာဗျားး။ တိုင်ပင်ထားသလားတောင်အောက်မေ့ရတယ်။