Final

381 65 39
                                    

"ပြစမ်း ပြစမ်းဘယ်မလဲ"

ရောက်ရောက်ရင်း၀ေါယဥ်ပေါ်ကမဆင်းရသေးတာကိုမိခင်ကြီးရဲ့အလျှင်စလိုဖြစ်မှုကအကုန်လုံးကိုပြာယာခတ်သွားစေသည်။

"မား ဘယ်လိုတွေဖြစ်နေတာတုန်း အချစ်တော်ကခရီးပန်းလာတယ်လေ ဖြေးဖြေးသာသာလုပ်ပါ"

တကယ်ဆို biubiuကခရီးလမ်းတစ်လျှောက်လုံးအမတ်ချုပ်ရဲ့အဖေနဲ့အမေကိုတွေ့လျှင်ဘာပြောရမယ် ဘာဆိုရမယ်ဆိုတာ တစ်စက်မှာသိတာမဟုတ်ဘူး။သခင်မလေး သခင်လေးတွေဆို ငယ်စဥ်ကတည်းက လူကြီးတွေကိုဘယ်လိုဆက်ဆံရမယ်
မျိုးရိုးမြင့်တွေကိုဘယ်လိုရိုသေရမလဲဆိုတာ ချက်ကျလက်ကျသင်ထားရပေမယ်် ဖက်ထုပ်ရောင်းတဲ့ဖက်ထုပ်ကတော့ "ဖက်ထုပ်ပူပူလေးတွေ အရသာရှိတယ် ၀ယ်ကြပါအုန်း" ပဲပြောတက်တာလေ။

အဲ့တော့ တောင်ပိုင်းကိုလာတဲ့လမ်းခရီးတစ်လျှောက်လုံး အိမ်ထောင်ဦးစီးရဲ့ မိနဲ့ဖ ကသူ့ကိုသဘောမကျရင်ဘယ်လိုလုပ်မလဲဆိုပြီး အတွေးလွန်ကာ မနားခဲ့ရတာမို့ ခရီးကထင်ထားတာထက်ပိုပန်းသည်။

"တယ် မျက်နှာလေးပဲကြည့်ရုံပါ"

ခေါင်းလေးငုံ့ထားတဲ့အချစ်တော်ကို မှေးဖျားလေးကနေဆွဲကြည့်ပြီး သခင်မကြီးကစိတ်လိုလက်ရနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။ ပြီးတော့ပါးဖောင်းဖောင်းတစ်ဖက်ကို လက်မနဲ့လက်ညိုးနဲ့ပေါင်းကအသာအယာညှစ်လိုက်တော့ ဖက်ထုပ်ရဲ့အထိမခံ
နူးနူးအိအိအရေပြားကညှစ်ခံလိုက်ရတဲ့နေရာလေး
တင်ကွက်ရဲတွတ်သွားသည်။

"ဟာ မား ဖြေးဖြေလုပ်လို့"

မျိုးရိုးမြင့်ကသူဆွဲထားတဲ့အထုတ်တွေကိုပစ်ချပြီး
အချစ်တော်နားပြေးကပ်ကာ မျက်နှာလေးကိုလက်ခုပ်ထဲဖွဖွထည့်ရင်း ရဲသွားတဲ့နေရာလေးကို
လက်မလေးနဲ့ဖြေးဖြေးချင်းပွတ်ပေးလိုက်သည်။

"ရဲကုန်ပြီ ဒီမှာတွေ့လား"

"အေးပါ ငါလဲအူယားလို့လုပ်မိတာ ရန်လိုနေတဲ့ခွေးဆိုးကြီးလိုလုပ်မနေနဲ့ wichapas "

မိခင်ရဲ့နာမ်စားကြောင့်လက်ခုပ်ထဲကမျက်နှာလေးကပါပြုံးစိစိဖြစ်သွားတာမို့ အမတ်ချုပ်က မျက်မှောင်ကျုံ့လိုက်သည်။

Dimples And Dumplings (Completed) Where stories live. Discover now