သခင်ငယ်လေးကမက်မွန်သီး၃လုံးကိုရေသေချာဆေးစေပြီးအ၀တ်သန့်သန့်တစ်ခုနှင့်သေချာသုတ်သင်ကာ ကြိမ်ခြင်းတောင်းအသေးလေးထဲ
ထည့်ပြီး အိမ်တော်ကနေထွက်ဖို့ပြင်လိုက်သည်။ သူတို့အိမ်တော်မှာ အပေါဆုံးကဒီလိုစျေးကြီးပေးရသည့်သစ်သီးသစ်ဖုတွေပဲ။လူ့အလိုနတ်မလိုက်နိုင်ဆိုသလို ,အကောင်းတစ်ကာ့အကောင်းဆုံးတွေစားရပြန်တော့ကြလဲ ငြီးငွေ့လာကြသည်မို့ အိမ်တော်မှာဒီလိုအသီးတွေကပုတ်ပွပြီးသာအဆုံးသတ်သည်။
ခုတော့ကျွေးရမယ့်လူတွေ့ပြီ!။မျက်စိအားကသိပ်မကောင်းပေမယ့် အ၀ေးကနေလှမ်းမြင်နေတဲ့ခေါင်းမဲမဲလေးကိုတွေ့တော့သခင်ငယ်လေးရဲ့နှုတ်ခမ်းထောင့်စွန်းတွေကကော့တက်သွားသည်။
"ဖက်ထုပ်?"
မော့ကြည့်လာတဲ့မျက်၀န်း၀ိုင်း၀ိုင်းတွေက၀ိုင်းစက်ပြီးဖြူစင်မှုတွေအပြည့်။သူ့ကိုမြင်တော့ နားရွက်တက်ချိတ်လောက်အောင် ပြုံးပြတာမို့နဂိုဖောင်းကားနေပြီးသားပါးကြီးတွေက ဘေးကိုမို့ထွက်ကာအိကျလာသည်။
"သခင်သေးသေးလေး!"
"အေး ဒီမှာငါကတိပေးထားတဲ့အတိုင်း မက်မွန်သီးတွေ"
သစ်သီးခြင်းကိုမြှောက်ပြပြီး လက်ကလေးထဲထည့်ပေးလိုက်တော့ တ၀ိုး၀ိုးတ၀ါး၀ါးနဲ့။
"မလာတော့ဘူးထင်နေတာ....
biubiu ကယုံယုံကြည်ကြည်နဲ့စောင့်နေပေးပေမယ့် နည်းနည်းကြာတော့ထားပစ်ခဲ့ပြီထင်သွားတာ သိလား"စကားတွေဒလဟောပြောသင့်မပြောသင့်ချိန်ဆ
မပြောပဲ 'မလာတော့ဘူးထင်နေတာ' လို့ပြောပြီးမှ
သခင်လေးကိုမယုံကြည်တဲ့လေသံထွက်သွားတာမိို့
'Biubiuကယုံယုံကြည်ကြည်နဲ့စောင့်နေပေးပေမယ့်'
ဆိုပြီးစကားဖာသည်။ သိပ်လည်တာပဲ။"သွားပြီ"
"ဟင် တူတူစားမယ်လေ"
ခြင်းထဲကနီနီရဲရဲအသေးဆုံးမက်မွန်သီးကိုရွေးပေးတာကြောင့် Bibleကရီမိချင်ချင်ဖြစ်သွားသည်။
ဒီကလေးကဘာလေးများလဲ။ တူတူစားချင်ပေမယ့်အသေးဆုံးပဲရမယ်ဆိုတဲ့သဘောပေါ့လေ။