Part-4

370 71 8
                                    

အမတ်ချုပ်ကပြောရင်ပြောသည့်အတိုင်း build ဆီကိုခြေဖျားတောင်မလှည့်တာမို့ တစ်ရက်တစ်ရက်စာအုပ်ဖတ်လိုက် အစေခံတွေကိုစပ်စုလိုက်နဲ့ကုန်ဆုံးသွားသည်မှာ ရက်သတ္တပတ်၄ပတ်တောင်ပြည့်တော့မည်။ထို့ကြောင့်တစ်ယောက်ထဲနေတာအသားကျလာတဲ့အချိန်မှာမှ

"မင်းလုပ်ပေးတဲ့ဖက်ထုပ်စားချင်တာ"

ဆိုပြီးတောင်းဆိုလာတာကဘယ်လိုအခြေအနေကြီးလဲ။ထို့နေ့မနက်က သာမာန်နေ့လိုပဲ မနက်စောစောထချိန်အခန်းရှေ့မှာလက်ပိုက်စောင့်နေတဲ့အမတ်မင်းနဲ့တန်းတိုးသည်။ခရီးကပြန်လာသည်လို့အရင်နေ့ကသတင်းကြားပေမယ့် ညိုးနွမ်းပြီးပင်ပန်းနေတဲ့မြို့စားရဲ့မျက်နှာသွင်ပြင်က ခရီးကပြန်လာမှန်းသိသာစေရန်အထောက်အထားပြုနေသည်။

"ဘာလို့လဲ အစေခံတွေလုပ်ခိုင်းလဲရတာပဲကို"

"ပင်ပန်းလာတာအရမ်းပဲ စိတ်မရှိရင်ဖက်ထုပ်လေးလုပ်ကျွေးရင်ကောင်းမယ် လက်လုပ်ဖက်ထုပ်ပူပူလေးလေ"

မလုပ်ကျွေးဘူးကွာ ဘာဖြစ်ချင်လဲဆိုပြီးပြန်ပြီးရန်စွာချင်ပေမယ့် မလုပ်ပေးချင်ရင်သတ်တယ်ကွာဆိုပြီးလည်ပင်းဖြတ်ရင် အသက်နဲ့ခန္ဓာအိုးစားကွဲမှာသူမို့လို့မျက်လွှာလေးကိုချပြီး အလိမ္မာနဲ့ငြင်းဖို့လုပ်လိုက်သည်။

"အမတ်ချုပ်မင်း ပါ၀င်ပစ္စည်းတွေကို ကျွန်တော်ကိုယ်တိုင်၀ယ်ယူပြီးစိတ်တိုင်းကျမှဖက်ထုပ်ကိုလုပ်ချင်တာပါ အိမ်မှာရှိနေတာတွေကမလတ်ဆတ်ဘူးလို့ယူဆလို့ပါ"

အိမ်မှာရှိနေတာတွေနဲ့မလုပ်ဘူးလို့ငြင်းလိုက်ရင်ဒီအမတ်က ဒီကောင်ငါ့ကိုမလုပ်ကျွေးချင်လို့သပ်သပ်တမင်ရစ်နေတာ ဆိုပြီးရိပ်မိသွားရင် သူ့ဇာတ်လမ်းကပြီးပြီ လုပ်ကျွေးစရာလဲမလိုတော့ စကားလုံးရင့်ရင့်သီးသီးတွေနဲ့လဲငြင်းစရာမလိုတော့ဘူး။

"ဟုတ်ပြီလေ ကိုယ်နဲ့တူတူစျေးသွားမလား?"

အထင်နဲ့အမြင် အတွေးနဲ့လက်တွေ့က တက်တက်စင်။

______

ငါးဖယ်နဲ့လုပ်ကျွေးပါမယ်ပြောတာကို ချေးချွတ်များတဲ့လူ့ဘော်ကျော့ကြောင့် ကြက်သားတန်းရောက်ကာစျေးစစ်နေရင်း ချွေးဒီးဒီးကြနေသည်။ဒါကိုသူက  Buildကိုမသနားပဲ သန့်ပြန့်နေတဲ့ပိုးဖဲ၀တ်ရုံကိုသားသားနားနား စနစ်တကျ၀တ်ဆင်ထားပြီး သေချာတိုက်ချွတ်ထားတဲ့သစ်သားမျက်နှာဖုံးကိုတပ်ဆင်ထားကာ အ၀ေးကနေ လှမ်းကြည့်ရုံလေးတင်ကြည့်နေတာမို့ မျက်စောင်းသာထိုးလိုက်သည်။ဘယ်လိုလူလဲ။

Dimples And Dumplings (Completed) Where stories live. Discover now