Part-12

392 72 19
                                    

ခင်ပွန်းဖြစ်သူနဲ့ဆားငံ့ရေထဲလည်ပင်းဖက်ပြီးသွေးတိုးစမ်းခြင်းရဲ့ရလာဒ်ကတော့
၂ယောက်လုံး၏ဂျစ်ခဲနေတဲ့ဆံပင်တွေပဲ။

ရေထဲအကြာကြီးစိမ်ကာဆော့ကစားခဲ့တာမို့
ပူခြစ်နေတဲ့နေရောင်ကြောင့်ရောပူလိုက်အေးလိုက်
ဖြင့်ဆံသားတွေကလဲစိုလိုက်ခြောက်လိုက်ဖြစ်တာကြောင့် ဖီးလို့သင်လို့မရတဲ့ထိရှုပ်ထွေးကုန်သည်။

"အချစ်တော် biu ရေနွေးနွေးနဲ့သေချာလေးဆေးကြောမှအဆင်ပြေမယ်ထင်တယ်"

ဆံပင်တွေအထုံးထုံးနဲ့ကြမ်းပြင်ပေါ်စိတ်ပျက်လက်ပျက်ထိုင်နေပုံလေးကိုကြည့်ပြီးအမတ်ချုပ်အကြံပေးလိုက်သည်။

သစ်သားစည်ထဲအငွေ့တွေတထောင်းထောင်းထနေတဲ့ရေပြင်ကြောင့် Biuကနည်းနည်းတော့တွန့်ဆုတ်မိနေသည်။ပူခြစ်တောက်နေရင်ဘယ်လိုလုပ်မလဲ
ကြည့်ရတာယခုလေးတင်မှပွက်ပြီးချထားတဲ့ရေနွေးအိုးလိုပူနေတဲ့ပုစံ။

"Biu? မ၀င်ဘူးလား"

"အရမ်းပူနေတဲ့ပုံစံကြီး"

"ခနလေးကိုယ်အရင်၀င်ကြည့်မယ်"

အပေါ်အင်္ကျီတောင်မချွတ်ပဲ၀င်စမ်းပြီး

"ရတယ်တအားမပူဘူး နွေးနွေးလေး "

ရေတွေရွဲနေတာကြောင့်အင်္ကျီကအသားမှာကပ်နေပြီးသေချာဂရုစိုက်ထားတဲ့ခန္ဓာကိုယ်ကျစ်ကျစ်ကအထင်းသား။

"အမတ်ချုပ်ကရော?"

ရေနွေးရဲ့သဘောတရားက ထိတွေ့နေတုန်းနွေးနွေးလေးနဲ့ခန္ဓာကိုယ်ကိုသက်တောင့်သက်သာဖြစ်စေသည်ဆိုပေမယ့် ခနကြာလာတဲ့အခါမှ ရေအေးနဲ့ချိုးထားသည်ထက်ပိုပြီးချမ်းအေးစေသည်။ထို့ကြောင့်အမတ်ချုပ်ကရေနွေးကိုစိမ်ပြီး  Biuပြီးတဲ့ထိအပြင်မှာစောင့်နေမယ်ဆိုရင်အအေးပတ်ဖျားနာမယ်ဆိုတာသေချာပါသည်။

"အပြင်မှာပဲစောင့်နေမယ်လေ"

"သစ်သားစည်က၂ယောက်စာဆန့်ပါတယ်"

_______

၂ယောက်စာဆန့်တယ်သာပြောတယ် ၂ယောက်သားကတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ၄မိုင်လောက်ခြားထားတာမို့သူလဲစိတ်ကျဥ်းကျပ် ကိုယ်လဲစိတ်ကျဥ်းကျပ်။

Dimples And Dumplings (Completed) Where stories live. Discover now