Part-14

449 59 20
                                    

စွဲလမ်းမှု,အမြစ်တွယ်မှု,ရူးသွပ်မှု။
အနီးစပ်ဆုံးမြင်သာအောင်ပြောရရင် ဆေးစွဲခြင်း။
အမတ်ချုပ်ကဒီလိုကိစ္စတွေကိုလက်ပွန်းတတီး
တရင်းတနှီးရှိနေပြီးသား။နိုင်ငံထဲပြည်ပကမှောင်ခိုတင်သွင်းသည့်အရွက်ခြောက်တွေကို ဆေးတံထဲ
ထည့်ကာမီးမြှိုက်ရှူခြင်းက လူတစ်ယောက်ကိုရူးခါသွားလောက်အောင်လုပ်နိုင်စွမ်းရှိသည်။

ပထမဆုံးအဆင့်က စွဲလမ်းမှု။
လူ့ဘ၀တွင်ဖြစ်ပျက်နေသည့်သောကတွေဒုက္ခတွေကြားမှအသက်ရှူပေါက်တစ်ခုလိုဖြစ်နေတဲ့ နေရာလေးတစ်ခုကို ငွေစအနည်းငယ်ပေးပြီးသွားနိုင်သည်ဆိုကြပါစို့ မည်သူကမစမ်းပဲတောင့်ခံနိုင်မည်ထင်သလဲ။

ဒုတိယအဆင့်အမြစ်တွယ်မှု။
အသက်ရှူချောင်သည့်နေရာလေးတွင်ပဲနေချင်လာသည့်အခါ ငွေစတွေနှင့်လိုက်ရင်းလိုက်ရင်း
တဖြည်းဖြည်းအမြစ်တွယ်လာသည်။

နောက်ဆုံး အနီရောင်အဆင့် ရူးသွပ်မှု။
စိတ်ကိုလှည့်စားကာ အရူးတစ်ပိုင်းဖန်တီးထားတဲ့အသက်ရှူပေါက်လေးက ငွေစတွေကုန်ခမ်းသွား
သည့်အခါတစ်ဖြေးဖြေးကျဥ်းလာခဲ့သည်။
မရူသွင်းရလျှင်မနေနိုင်သည့်အခါ သွေးရူးသွေးတန်းနှင့်ရူးသွပ်သွားသည့်လူတွေမှာဒုနဲ့ဒေး။

ထိုသုံးဆင့်ကို ဆေးစွဲလမ်းတဲ့လူတွေတောင်လအတော်ကြာကြာမိုက်မဲမှ ရောက်ရှိပေမယ့်
အမတ်ချုပ်ကတော့ စွဲလမ်းမှု,အမြစ်တွယ်မှု,ရူးသွပ်ခြင်း ကိုဘာဆေးမှမသုံးပဲ ဖက်ထုပ်စားပြီး
တစ်ညထဲနဲ့ရောက်ရှိသွားတော့တာပဲ။

ခေါင်းလုံးလုံးမဲမဲလေးပဲပေါ်အောင်စောင်ခြုံအိပ်နေတာမို့အသက်ရှူကျပ်မည်ဆိုး၍စောင်ကိုခွာလိုက်သည့်အခါဖက်ထုပ်အိအိလေးကိုအချဥ်ရည်နဲ့တို့ထားသလို အနီကွက်တွေကဟိုတစ်ကွက်ဒီတစ်ကွက်။

မျက်တောင်ကော့ကော့တွေက မျက်ရည်တွေကြောင့်တစ်မျှင်နှင့်တစ်မျှင်စိုကပ်နေသည်။နှာခေါင်းလုံးလုံးလေးရောပါးဖောင်းဖောင်းလေးရောကပါ ရှက်လို့လားတော့မပြောတက် ၂ဦးပိုင်မက်မွန်ခြံကမက်မွန်သီးတွေထက်တောင်ရဲမှည့်လို့။

ပူးကပ်နေတဲ့ခန္ဓာကိုယ်၂ခုကိုထပ်ပြီးတိုး၀င်လိုက်တဲ့အခါလူးလူးလိမ့်လိမ့်နဲ့ လူဆိုးအသေးလေးကနိုးလာပါလေရော။တကယ်မူးယစ်ဆေးလေး။

Dimples And Dumplings (Completed) Where stories live. Discover now