Part-9

378 65 6
                                    

ညကြီးမိုးချုပ်သန်းခေါင်ယံသောက်ရမည့်ဆေးခွက်ကိုစမ်းတ၀ါး၀ါး ထရှာရင်း အိမ်တံခါးမှာရပ်နေသည့်အရိပ်မည်းမည်းကိုတွေ့သောအခါ အမျိုးသမီးကြီးကတုန်သွားသည်အထိလန့်ဖြန့်သွား၏။သူမတို့အိမ်ကိုဧည့်သည်မလာသည်မှာကြာပါပြီ။တစ်ဦးတည်းသောသားအရင်းအချာလေးကကံကောင်းသည်ံဟုပြောရမလား ကံဆိုးသည်ဟုပြောရမလားအမတ်ချုပ်ကြီးရဲ့တော်ကောက်ခြင်းကိုခံရပြီးနောက် သူမတို့အိမ်ဘက်ကိုခြေဦးတောင်မတည်ရတော့ပေ။

ကောင်းကောင်းမွန်မွန်ပျော်ရွှင်နေသည်ဆိုရင်သူမကျေနပ်ပါသည်။ သူမရဲ့ကျန်းမာရေးကသူမသားဖြစ်သူစွန့်ခွာသွားလျှင်အခြေအနေပိုဆိုးကာ
နောက်ဆုံးထွက်သက်ထွက်ပုံရိပ်မျိုး ကြိုတင်တွေးတောပြင်ဆင်ထားခဲ့ပေမယ့် အမတ်ချုပ်ရဲ့
ရှားပါးဂျင်ဆင်းမြစ်တွေက ခုခံအားကိုပိုကောင်းလာစေသည်ကတစ်ကြောင်း ငွေစအများကြီးပေးရသေးဆေးမြစ်စုံတွေကိုမပြတ်လတ်ရစေပဲအမြဲဂရုစိုက်ပေးတာကြောင့်ရော အတော်ပင်ထူထူထောင်ထောင်ဖြစ်လာသည်။ ထို့ပြင်အကာအရံလုံလုံနှင့် ဆောင်းဒဏ်ကိုအံ့တုခံနိုင်သော အမိုးအကာအပြည့်အစုံနဲ့သစ်သားအိမ်က အအေးဒဏ်ကြောင့်ပိုဆိုးနေသည့်ရောဂါအခံကို သက်သာစေသည်။

"အိမ်..အိမ်ရှေ့ကဘယ်သူလဲ"

"မား..."

"ဟင် သားလေး"

စိတ်အားငယ်တဲ့အသံနဲ့အားကိုးတကြီးခေါ်လာတဲ့အသံချိုချိုလေးက ငယ်ငယ်က သူ့ချိုချဥ်လေးမြေကြီးပေါ်ပြုတ်ကျ၍စားမရ ပြုမရဖြစ်ပြီး
အိမ်ကိုစိတ်မကောင်းဖြစ်လာတဲ့အသံလေးနဲ့တောင်ခပ်ဆင်ဆင်။သူမရဲ့သားလေးကငယ်ငယ်ကတည်းကအိအိလုံးလုံးလေးမို့အခြားကလေးတွေထက်ပိုပြီးဂရုစိုက်ခဲ့ရတာ။အဖေဆိုတဲ့နာမ်ကိုခံယူမည့်သူကစောစောစီးစီးလူလောကထဲကထွက်သွားတာမို့သူမကပဲ အဖေလိုရောအမေလိုပါစောင့်ရှောက်ခဲ့ရတဲ့သားငယ်လေးက ဘယ်အရွယ်နေနေသူမမျက်စိထဲတော့ တောက်တောက် တောက်တောက် သွားတဲ့အရွယ်လေးအတိုင်းပဲ။

"သား ဘာဖြစ်လာလို့လဲ"

ရောက်ကတည်းကမအေရင်ခွင်ထဲ၀င်ကာ မျက်နှာရဲရဲကိုဖွက်ထားပြီး ငိုရှိုက်ချင်ပေမယ့် အတင်းအောင့်ထားတဲ့ပုံလေးကြောင့်မနေနိုင်မထိုင်နိုင်မေးလိုက်မိသည်။ အို..သူမကမိခင်ပဲလေ သားအတွက်ဆို
ဘာပဲလုပ်ရလုပ်ရ လုပ်မှာမို့လို့ အမတ်ချုပ်ကသာသူမသားကိုစွန့်ပစ်သည် နှင်ထုတ်သည်လို့သာကြားကြည့်ပါ့လား ယခုရက်ပိုင်းအတွင်းကောင်းပေးထားတာတွေပါ မထောက်တော့ပဲ သူမကိုယ်တိုင်ထိုသူနှင့်ရင်ဆိုင်မည်။

Dimples And Dumplings (Completed) Where stories live. Discover now