Part-3

420 81 11
                                    

ပုစဥ်းရင်ကွဲသံဆူဆူညံညံတွေနဲ့သာပြည့်နှက်နေတဲ့တောကြီးမျက်မဲထဲမှာအပင်လေတိုက်သံတရှဲရှဲကပိုပြီးခြောက်ခြားစေသည်။ သစ်ရွက်တွေကြမ်းပြင်ကိုထိရိုက်တဲ့အသံတွေကြားထဲကမှ ချောက်!ချောက်!ချောက်! ဆိုပြီး နောက်ကြောကနေအသံမြည်လာတာကို ကလေးငယ်ငယ်လေးကသတိထားမိပေမယ့်
လှည့်မကြည့်ရဲပဲ ခြေသုတ်တင်ပြေးတော့သည်။
အလျှင်စလိုနဲ့ ဘေးအန္တာရယ်ကလွတ်အောင်ပြေးနေတာကြောင့် ဆူးခလုတ်ကိုမမြင်ပဲတိုက်လဲတော့
မှောက်ရက်ဖြစ်သွားရာကနေ  နောက်ကလိုက်လာတဲ့သတ္တ၀ါဆိုးမှီလာပြီလား ကုန်းရုန်းကြည့်တော့
နောက်ကျသွားချေပြီ။သားရည်တမြှားမြှားနဲ့
နီနီရဲရဲမျက်လုံးတွေက သူ့ဆီရွေးတိုးလာတာမို့။
ခန္ဓာကိုယ်ကအ၀ါအစင်းကြားတွေကလဲကြောက်ဖို့အရမ်းကောင်းတာပဲ။

"အချစ်တော်? အချစ်တော် Biu! သခင်ကြီးကညစာအတူတူသုံးဆောင်ဖို့မှာကြားလိုက်လို့လာခေါ်တာပါ"

ဒီအိမ်မက်တစ်ခုထဲကိုပဲထပ်ခါတလဲလဲရှူထောင့်ပေါင်းစုံကမက်နေသည့်ဘ၀ကိုလဲငြီးငွေ့နေပြီလေ။
ဘာကြောင့်မက်တယ်။ဘာအဓိပယ်ကြောင့်မက်တယ်ဆိုတာလဲ တစ်စွန်းတစ်စမှမသိရတော့ပိုစိတ်ညီးညူးရသည်။

"ဘာလို့တဲ့လဲ"

ဦးနှောက်အရာ၂ခုကိုတစ်ပြိုက်နက်ထဲတွေးနိုင်သည်ဆိုယုံကြမလား?.တစ်ဖက်ခြမ်းကအိမ်မက်အကြောင်းကိုမေ့မရနိုင် ။အိမ်မက်ရဲ့ဖြစ်နိုင်ခြေကို
တွေးတော့ကြံစနေသော်လဲ နောက်တစ်ဖက်ခြမ်းကအမတ်ချုပ်ရဲ့အကြံအစည်ကဘာဖြစ်မလဲဆိုပြီး ညာဏ်ကိုလွှာသုံးနေရသည်။

ပြောရရင်အမတ်မင်းဟာ အိမ်ကိုမီးလောင်တိုက်သွင်းပြီးတဲ့အဖြစ်အပျက်အပြီးမှာ ထိမ်းမြှားချင်းကိုအကျဥ်းချုပ်လုပ်ဆောင်သည်။ထို့နောက် Build ဆီကိုရောက်မလာတော့ပါ။မျက်စိထဲထိုလူရဲ့အရိပ်အရောင်လေးတောင်တစ်မှုံမှမတွေ့ရချေ။အစောပိုင်းကာလတုန်းက သူကိုယ်တိုင်ရှောင်မည်ဟုတွေးထားပေမယ့်
အမတ်ချုပ်ကသူ့ကိုတစ်ပြန်ကြီးအကြောင်းအရင်းမရှိရှောင်နေတာ့စိတ်ထဲခုလုခုလု။ အိပ်ခန်းထဲဆွဲသွင်းပြီးအလိုမတူ အတင်းအကျပ်လုပ်တာဖြင့်စာရင်ဒီလိုအသိအမှတ်မပြုခံရတာကပိုကောင်းပါတယ်လို့ကိုယ့်ကိုကိုယ်နှစ်သိမ့်ပေမယ့်လဲ ဒီလိုလျှစ်လျုရှုမယ့်အတူတူဘာလို့မရမကယူခဲ့သေးလဲ?။Buildကိုမရရင်တောင် အမတ်မင်းကိုလိုချင်သည့်တစ်ခြားသူဒုနှင့်ဒေးပဲကို။

Dimples And Dumplings (Completed) Where stories live. Discover now