Part-21

332 57 11
                                    

အချစ်တော်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမို့ မနှောင့်ယှက်ချင်ပေမယ့် မျက်လုံးပေါ်၀ဲကျနေတဲ့ဆံပင်စတွေက ငိုထားလို့ခပ်ရဲရဲဖြစ်နေတဲ့မျက်ခွံလေးတွေကို စူးမှာဆိုးလို့အသာလေးဖယ်ပေးလိုက်သည်။

မျိုးရိုးမြင့်က ဘာနေနေရင်ဆိုင်မယ်ဆိုပြီးဆုံးဖြတ်ချက်သာချထားခဲ့တာ ဘယ်ကနေဘယ်လိုစကားစရမလဲကိုခုချိန်ထိအဖြေမဖော်ရသေးဘူး။

Biuရဲ့တုန့်ပြန်ချက်ကဘာမှန်းမသိတာလဲပါမည်ထင်တယ်။ အကယ်၍ ဒါကိုထိန်ချန်ထားခဲ့မိလို့အပြစ်တင် အမျက်ထွက်မယ်ဆိုရင်တောင် ရိုက်ရင်ရိုက်နှက်ချင်နှက်ဆိုပြီး စိတ်အလိုကိုလိုက်ပေးမည်။
ခုလို ၀မ်းနည်းပက်လက်ကလေးနဲ့ တအီအီငိုနေတော့ ခြေမကိုင်မိလက်မကိုင်မိ။
___

အမတ်ချုပ်က မျက်နှာဒဏ်ရာသက်သာလာပြီးနလန်ထူနိုင်ချင်းချင်း အိမ်တော်ကအစေခံ၂ဦးကိုတွဲခိုင်းပြီး Biubiu ဆီလာခဲ့သေးသည်။ တစ်ခုခုထိခိုက်ဒဏ်ရာများရသွားရင်ဆိုတဲ့ အတွေးလွန်မှုက
ခြေမလှုပ်နိုင် လက်မလှုပ်နိုင် အသိစိတ်သာရှိသည့်ရက်ပိုင်းတွင်းမှာမျိုးရိုးမြင့်ကိုအတော့်ကိုနှိပ်စက်ခဲ့တာပင်။ ထို့ကြောင့်ထူထူထောင်ထောင်ရှိလာတာနဲ့
စျေးလမ်းကလေးကိုဦးတည်လာခဲ့သည်။

ဖက်ထုပ်ဆိုင်လေးကဖွင့်နေကြနေရာမှာ ရှိမနေတော့လဲရင်ထဲကနှလုံးကလည်ပင်းကိုလာတစ်သလိုစို့
နင့်နင့်။ အိမ်ထိရောက်အောင်သွားခဲ့ပြီး မျက်နှာလေးကိုမြင်အောင်သွားကြည့်တော့ အထိအခိုက် မရှိပဲ
ပင်ကိုအတိုင်းလေးမြင်တော့မှ သက်ပြင်းချကာအိမ်တော်ကိုပြန်လာခဲ့သည်။

ဒီလိုအချိန်က ဗြုန်းစားကြီးသွားတွေ့ရင်စိတ်ထိခိုက်မှုတွေဖြစ်လာမည်လေ။သွေးတစိမ့်စိမ့်ကျနေတဲ့မျက်နှာကိုမြင်ရင် ဖက်ထုပ်ကလန့်သွားတော့မှာ။
သွေးကြောမျှင်အနဲငယ်ကပေါက်ပြဲသွားတာမို့
ရက်အနည်းငယ်ကြာမှ အသားကျက်ကာ သွေးတိတ်မယ်လို့ သမားတော်ကမှာထား၏။
ရက်နည်းနည်းလောက်ထပ်စောင့်မယ်!.
သွေးတိတ်မှ..သွေးတိတ်မှပဲ..။

နာမည်ကျော်ကြားတဲ့ ဆေးဆရာရဲ့ တော်ပါတယ်ထက်ပါတယ်ဆိုပြီးသတင်းထွက်တာခြင်းကသူ၏အရည်အချင်းကြောင့်ဖြစ်မည်။ အတည်လဲထိုဆေးဆရာပြောသလိုရက်အနည်းငယ်အတွင်း အနာကျက်လာပေမယ့် သွားပြီးတွေ့နိုင်တဲ့စွမ်းအင်မရှိသေးပါ။

Dimples And Dumplings (Completed) Where stories live. Discover now