Part-11

443 67 9
                                    

"သခင်လေး သခင်လေးဒီဘက်ကိုလာခဲ့"

တိုနှံ့နှံ့ဆံပင်ကျို့တို့ကျဲတဲကဆံသဆရာဆီမှာသေချာပုံသွင်းထားတာမဟုတ်ပဲအသွားတုံးနေတဲ့ကတ်ကြေးနဲ့ဖြစ်သလိုညှပ်ထားပုံပေါ်သည်။
ကျို့တဲ့ကျဲတဲဖြစ်နေတဲ့သွားကျိုးလေးနဲ့ပုံမကျပန်းမကျဆံပင်ကလဲလိုက်လဲလိုက်ပါတယ်။

"မပြေးနဲ့ ဖက်ထုပ်လေး မှောက်ရက်လဲမယ်"

"မြန်မြန်လာ သခင်လေးကနှေးတာအရမ်းပဲ"

မပြေးပါနဲ့ဆိုတာကိုနောက်ကျောပေးပြီးပြေးသွားတဲ့ကလေးလေးရဲ့ပါးတွေက ကားထွက်နေတာမို့နောက်ကနေပင်မြင်နေရသည်။

"သခင်လေး သခင်လေးက မက်မွန်ပင်တစ်ပင်လောက်ပိုင်ရင်ကောင်းမယ်နော်"

"ဘာလို့တုန်း"

"Biubiuကမက်မွန်သီးတွေဒီလောက်ကြီးစားချင်တာ"

လက်၂ဖက်ကိုဆန့်တန်းပြီး ဘယ်လောက်များများစားချင်ကြောင်းပြောနေပုံလေး။

"အင်း..သခင်လေးလို့မခေါ်ပါနဲ့တော့"

"အဲ့တာဆိုဘယ်လိုခေါ်ရမလဲ"

__

"ထတော့ အချစ်တော်biu"

"ထချင်သေးဘူး"

အလင်းစူးစူးတွေကအခန်းထဲ၀င်ကာမျက်စိကိုအောင့်စေတာမို့ အမတ်ချုပ်ဆီပိုတိုး၀င်ပြီး ကာထားလိုက်သည်။ ခုဆိုရင်သူဒီအခန်းထဲတရား၀င်ပြောင်းရွေ့လာသည်မှာနေသားအတော်ကျနေသည်။
အမတ်ချုပ်ထက်ရာထူးအရာခံနိမ့်သည့်အမတ်တွေတောင် ဇနီးမယား တွေအများကြီးယူကာအိပ်ဆောင်ကူးတက်ကြပေမယ့် အမတ်ချုပ်ကအမျိုးသားကြင်ယာတော်ကို သူ၏အဓိကအိပ်ဆောင်ကိုပြောင်းခိုင်းစေခဲ့သည့်သတင်းကဟိုးလေးတကျော်ကျော်။

အမတ်ချုပ်မင်းအစည်းအရုံးရဲ့အားလပ်ချိန်တွေမှာလဲ အပေါင်းအဖော်တွေဆီကအစခံရသည့်သတင်းလဲအချစ်တော်နားဆီပြန်ရောက်ပါသည်။
ဘယ်လောက်တောင်မှအဆက်မပြတ်စေချင်လို့အိပ်ဆောင်တောင်ပြောင်းခိုင်းရတာလဲဆိုပြီး စကြသည်ဆိုပဲ။အမှန်တကယ် သူတို့၂ဦးဟာ မက်မွန်ခြံကအနမ်းကလွဲပြီး တစ်ခြားဘာကိုမှမလွန်မကြူးရသေးတာသူတိို့၂ဦးသာအသိဆုံး။

Dimples And Dumplings (Completed) Where stories live. Discover now