Part-13

429 68 19
                                    

"မင်းကသေချာကြည့်တော့လဲချစ်စရာလေးပဲကို ဘာလို့သူငယ်ချင်းမရှိတာလဲ"

မျက်ခုံးအတိဆံပင်ကေနဲ့အူကြောင်ကြားလေးရဲ့မျက်၀န်းတွေက၀ိုင်းစက်သွားသည်။

"Biubiuလဲမသိပါဘူး သခင်သေးသေးလေးရယ် သူတို့ကခေါ်မဆော့တာ"

"ဘာကိုသခင်သေးသေးလေးလဲ ငါကမင်းထက်ကြီးတယ်ကွ လူကောင်ရောအသက်ရော!"

"ဒါပေမယ့်သခင်ကြီးတွေနဲ့ယှဥ်ရင်သေးသေးလေးပဲကို"

အတည်လဲ ထိုသခင်လေးရဲ့အချိုးအစားကပိစိလေး။မျိုးရိုးမြင့်သခင်ကြီးတွေ၀တ်စားသလို၀တ်စားထားပေးမယ့် ကလေးဖြစ်တာမို့ လူကြီးအ၀တ်အစားနဲ့ဒီဇိုင်းနဲ့ကလေးဖြစ်နေသည်။

"ငါသခင်အကြီးကြီးဖြစ်သွားရင် မင်းကိုခေါ်ဆော့မယ်"

မျှော်လင့်ချက်တစ်ဖြတ်ဖြတ်လက်သွားတဲ့မျက်လုံးလေးတွေက မော့ကြည့်လာပြီး လက်သန်းပုပုလေးထုတ်ပြကာ

"ကတိနော်"

"အင်း"

____________

ဆောင်းတွင်းကုန်ကာနွေဦးရောက်လာပြီဆိုပေမယ့် မနက်ခင်းအချိန်တစ်ပိုင်းတော့ လေတိုးကာအနည်းငယ်အေးသည်။ သို့သော် ပူပူနွေးနွေးကြင်စဦးစုံတွဲမဟုတ်တဲ့ ပူပူနွေးနွေးကြင်စဦးစုံတွဲရဲ့အခန်းကတော့ ချွဲပစ်ပစ်အချစ်ကဗျာတွေထဲကလို
အချစ်တွေကြောင့်နွေးထွေးနေသည်လားတော့မပြောတက်။

ချစ်ရသူနဲ့ကြည်ကြည်ဖြူဖြူမနက်တိုင်းနိုးထခွင့်ရတာဆုလာဒ်တစ်ခုပဲလို့ မျိုးရိုးမြင့်တွေကိုသီးသန့်စာသင်သည့် ပညာရေးဆိုင်ရာဘွဲ့ချီးမြှင့်ခံရသူက
သင်ပေးစဥ်တုန်းက အမတ်ချုပ်ဖြစ်လာမယ့်သခင်လေးက ကွယ်ရာမှာ ထိုစကားကို ခပ်ရွဲ့ရွဲ့ပြန်တွေးရင်း လှောင်ခဲ့မိသည်။

ယခုချိန်မှာတော့ ဆရာသခင်ဖြစ်သူကိုအပြစ်တွေ၀န်ချတောင်းပန်ရင်း ဆရာ့စကားတွေဘယ်လောက်မှန်ကြောင်းသူကြုံတွေနေပါပြီဆိုပြီး စကားလဲပါးချင်သေးသည်။

ရင်ဘတ်ပေါ်ကိုပါးနဲ့အတင်းဖိကပ်ထားတာမို့ ခပ်စူစူဖြစ်နေတဲ့နှုတ်ခမ်းပိစိတွေကို လက်မနဲ့လက်ညိုးသုံးကညှစ်ပစ်လိုက်တော့ ဖက်ထုပ်ဖြူဖြူလေးက တလှုပ်လှုပ်။

Dimples And Dumplings (Completed) Where stories live. Discover now