Part-18

310 60 18
                                    

အစောပိုင်းကာလကတော့ နယ်ပြောင်းလာရ၍လုပ်စရာအလုပ်မရှိလို့ ထိုကလေးဆီသွားသွားဆော့တာဆိုပြီးကိုယ့်စိတ်ကိုလိမ်လည်ထားပေမယ့်
ယခုအခါ ဆရာသခင်အသစ်တစ်ယောက်ငှားရမ်းပြီးစာစလေ့လာနေရပြီ။သို့သော် မရှိသည့်အချိန်ကိုဖဲ့ကာ စျေးတန်းကိုသွားနေမိစမြဲ။
အကြွေးကျန်သောစာများ များလျှင်တောင် စာအုပ်ပိုက်ပြီး ဖက်ထုပ်ရဲ့ဘေးနားထိုင်ကာစာလုပ်တာအကျင့်ပါနေရောပေါ့။

"သခင်လေး သခင်လေးဒီဘက်ကိုလာခဲ့"

တိုနှံ့နှံ့ဆံပင်ကျို့တို့ကျဲတဲကဆံသဆရာဆီမှာသေချာပုံသွင်းထားတာမဟုတ်ပဲအသွားတုံးနေတဲ့ကတ်ကြေးနဲ့ဖြစ်သလိုညှပ်ထားပုံပေါ်သည်။
ကျို့တဲ့ကျဲတဲဖြစ်နေတဲ့သွားကျိုးလေးနဲ့ပုံမကျပန်းမကျဆံပင်ကလဲလိုက်လဲလိုက်ပါတယ်။

"မပြေးနဲ့ ဖက်ထုပ်လေး မှောက်ရက်လဲမယ်"

အရင်တစ်ခေါက်ကမှောက်ရက်လဲတော့ ပါးဖောင်းမှာပွန်းရာပဲ့ရာတွေမြင်ရတော့စိတ်မကောင်း။အနာကျက်ကာ အနာဖေးအမဲတွေတက်တော့လဲ ရင်ထဲမချိ။
ထို့ကြောင့်မျိုးရိုးမြင့်ကပဲလိုက်ပြီး အရိပ်အခြေကြည့်ကာထိန်းပေးရသည်။

ထိန်းပေးသည်ဆိုမှ ဖက်ထုပ်ရဲ့ မိဘဖြစ်သူတွေကိုလဲသခင်ငယ်လေးကမကျေမချမ်း။သူနဲ့သည်ကလေး
သွားလာဆော့ကစားနေခဲ့သည်မှာ လအတော်တောင်ကြာရောပေါ့။ဒါပေမယ့်ဖက်ထုပ်ရဲ့အုပ်ထိန်းသူတွေက မသိကျေးကျွန်ပြုနေကြသည်။ ပြောရရင် သခင်ငယ်လေးနဲ့သူတို့အိမ်ကရတနာလေးဆော့ကစားနေတာတောင်သိသည့်ဟန်မပေါ်။

အသိအမှတ်ပြုခံချင်တာမဟုတ်ပဲ တစ်နေ့လုပ်မှတစ်နေ့စားရတာမို့မိဘတာ၀န်လစ်ဟင်းတာနားလည်ပါသည်။သို့သော် ကလေးလေးက နုနုနယ်နယ်
မျိုးရိုးမြင့်နဲ့သာမဟုတ်ပဲ အခြားမသမာသူလူတစ်စုနဲ့တွေ့ရင်ဘယ့်နှယ့်လုပ်မလဲ။မိဘ၂ပါးနဲ့ကြုံမှဆုံမှ စကားပြောကြည့်ပါအုန်းမယ်။

"မြန်မြန်လာ သခင်လေးကနှေးတာအရမ်းပဲ"

မပြေးပါနဲ့ဆိုတာကိုနောက်ကျောပေးပြီးပြေးသွားတဲ့ကလေးလေးရဲ့ပါးတွေက ကားထွက်နေတာမို့နောက်ကနေပင်မြင်နေရသည်။

Dimples And Dumplings (Completed) Where stories live. Discover now