Part-5

399 75 9
                                    

မျက်ခွံတွေပေါ်မှာပျံ့နှံ့နေတဲ့ခြယ်ရောင်စုံတွေနဲ့နှုတ်ခမ်းပိစိလေးပေါ်မှာဟိုတစ်ကွက်ဒီတစ်ကွက်စွန်းထင်းနေတဲ့ နှုတ်ခမ်းနီတွေကလဲကွက်ကြိုကွက်ကြား။ နဖူးပေါ်ခပ်အုပ်အုပ်၀ဲကျနေတဲ့ဆံပင်အိအိတွေလဲလဲထိုးထိုးထောင်ထောင် ပုံပျက်ပန်းပျက်နဲ့အချစ်တော်လေးကိုကြည့်ပြီး အမတ်မင်းက
သူ့နှုတ်ခမ်းသူအပေါ်သွားနဲ့ဖိကြိတ်ရင်းရီချင်စိတ်ကိုမနဲထိန်းထားရသည်။

အမှန်တကယ် အချစ်တော် Biuကိုအံ့အားသင့်သွားအောင် မနက်စောစောလာပြီးသတင်းကောင်းပြောဖိို့ကြိုးစားပေမယ့်
မျက်နှာချေမှုန့်တွေပေပလူးနေအောင်လျှောက်ဆော့ထားတဲ့ကြောင်ချီးရုပ်လေးကိုမြင်တော့ အံ့အားသင့်သွားရသည်မှ မြို့စားမင်းကိုယ်တိုင်သာဖြစ်သည်။

"အရူးလေးနဲ့တူတယ်"

နှုတ်ခမ်းနီတွေပါးစပ်ထောင့်တွေမှာပါပွပလဲနေပေမယ့် ဆူချိတ်ထားတဲ့နှုတ်လမ်းသေးသေးကတော့ အတည်ကြီးဒေါသထွက်နေဟန်။

"အမတ်ချုပ်မင်းကလဲ ၀င်လာရင်အသံလေးဘာလေးပေးလေ!"

အားးးရှက်ဖို့ကောင်းလိုက်တာ။မနေ့က၀ယ်ယူလာခဲ့တဲ့မျက်နှာချေမှုန့်တွေအလဟသတ်ဖြစ်မည်ဆိုးတာကြောင့်ကိုယ့်မျက်နှာပေါ်အရင်စမ်းကြည့်ဖို့လုပ်တာကအမှားကြီးမှားသွားတာလား။စိတ်ကူးထဲအတွေးထဲမှာဘာပြီးရင်ဘာလိမ်းရမယ် ဘယ်လိုလေးလိမ်းရမယ်အကွက်ချကြံစည်ကြည့်တော့ အဆင်ပြေနေတာပဲကို။ဘာလို့ခုကျမှ အမတ်မင်းရှေ့မှာ ပေါတောတောကြီးဖြစ်သွားရတာလဲ။ လှလှလေးလိမ်းပြီးသွားပြချင်တာကို!

"မကြည့်နဲ့"

မျက်နှာကိုလက်ဖောင်းဖောင်းလေးတွေနဲ့ကာ,ကာရှက်ရွံ့နေပုံလေးကိုကြည့်ပြီး အမတ်မင်းရဲ့အသဲကတလှုပ်လှုပ်တရွရွဖြစ်လာသည်။

"လှ..လှပါတယ် ဟားဟား"

လှတယ်လို့အယုံသွင်းကာချီးကျူးလိုက်ချင်ပေမယ့်
ခုမှသေချာကြည့်မိတာ မျက်ခွံ့၂ဖက်ကအရောင်မတူဘူး?။ ထိုအချက်ကိုသတိထားမိတဲ့အမတ်ချုပ် Bibleကမထိန်းနိုင်တော့ပဲရီချမိတော့ မျက်စောင်းလှလှလေးကဒိုင်းကနဲ။

Dimples And Dumplings (Completed) Where stories live. Discover now