Part-15

396 64 13
                                    

ခေါင်းစဥ်ခွဲ - အချစ်ဟောင်းများအားပြန်လည်တမ်းတခြင်း။
_____________________________

သားပိုက်ကောင်မေမေကသားပိုက်ကောင်ကလေးလေးကိုဗိုက်ထဲထည့်ပြီးနေရာတကာလျှောက်သွားသလိုမျိုးလူတွေလုပ်နိုင်စွမ်းရှိမယ်ဆိုရင်
အမတ်ချုပ်ကလဲ အချစ်တော်ကိုဗိုက်ထဲထည့်ပြီးနေရာတကာခေါ်သွားမိမည်ထင်တယ်။

ယခုလဲ အိမ်တော်ရဲ့ရေကန်နဘေးမှာ၂ယောက်သားအနားယူနေကြပေမယ့် အမတ်ချုပ်ကတော့
အမျိုးသားကြင်ယာတော်ကိုဗိုက်ထဲမထည့်ထားရုံတမယ် အချစ်တော်နောက်ကျောကိုရင်အုပ်နှင့်ထပ်ကြပ်မကွာကပ်ထားရုံမက သန်သန်မာမာလက်မောင်းတွေကလဲ ရင်ခွင်ထဲကဖြူဖြူဥဥ စိမ်းစားဥလေးကိုအရည်ထွက်မတက်ညစ်ထားသည်။

ကြာစေ့စိမ်းစိမ်းတွေကိုအခွံခွာပေးရင်း ထွက်လာတဲ့အစံဖြူဖြူတွေကို နှုတ်ခမ်းနား တစ်စေ့ပြီးတစ်စေ့တေ့ပေးနေလိုက်သည်။
အချစ်တော်ရဲ့အကျင့်လေးတွေက အရမ်းထူးခြားတယ်။ အစားစာတစ်ခုခု၀ါးတဲ့အခါ သွားနဲ့ကြိတ်တာရောဟုတ်ပါရဲ့လား?  ဘာလို့ဆို သွားမပေါက်သေးတဲ့ကလေးလေးတွေလို တမြုံ့မြုံ့ သွားဖုံးလေးတွေနဲ့ကြိတ်ချေပြီးစားသလိုမျိုး နှုတ်ခမ်းတွေကဆူထွက်လာလိုက် ပါးတွေဖောင်းသွားလိုက်နဲ့အရမ်းအူယားဖို့ကောင်းတာပဲ။

"ဘာလို့လာကိုက်တာတုန်း ခွေးလား"

ဒီတစ်ခါဖောင်းလာတဲ့ပါးကိုအမိအရခပ်ဖွဖွလေးသွားနဲ့ခြစ်လိုက်တော့ ပြောလာတာတနင့်တပိုး။

"အူယားလို့ကွာ ဖက်ထုပ်ကကြာစေ့တွေအကုန်စားပစ်လိုက်တော့ကိုယ်စားဖို့မကျန်တော့ဘူးလေ
အဲ့တာကြောင့်နီးစပ်ရာကိုစားမလို့"

နည်းနည်းလေးကြမ်းမိတာနဲ့နီရဲသွားတဲ့နို့ခဲလေးကိုထပ်ကိုက်ဆွဲလိုက်သည်။

"အားး နာတယ်လို့  ခွေးအမတ်"

"ဟေးး ဟေးးအလိုလိုက်တယ်ဆိုပြီး မထီမဲ့မြင်မလုပ်နဲ့နော် ဆွဲဆောင့်လိုက်မယ်"

အဓိပ္ပါယ်၂မျိုးပါတဲ့စကားကြောင့်ကိုက်ခဲခံထားရတဲ့ပါးတွေပိုနီဆွေးသွားသည်။

"ပါးဖောင်းဖောင်းတွေက
လမုန့်နဲ့တူတယ် သိလားလမုန့် ကိုက်လိုက်ရင်အိစက်ပြီး အထဲကပဲတစ်မျိုးပါတဲ့မုန့်လေ"

Dimples And Dumplings (Completed) Where stories live. Discover now