part-16

343 58 13
                                    

မျိုးရိုးမြင့်က "ကိုယ်မကြိုက်ဘူး ဒါမလုပ်နဲ့"ဆိုအချစ်တော်က "လုပ်တော့ဘာဖြစ်လဲ?" ဆိုသလို

အမတ်ချုပ်အစည်းအ၀ေးသွားနေတုန်း သူ၏စာကြည့်ခန်းကို၀င်ကာအနုကြမ်းစီးဖိို့ဆုံးဖြတ်လိုက်သည်။
အမတ်မင်းက စာကြည့်ခန်းထဲမှာဘယ်လိုအရာတွေခိုးထား၀ှက်ထားလဲဆိုတာ Buildကတော့သိပ်သိချင်သည်။ သန့်ရှင်းရေးအစေခံတွေကိုတောင်မ၀င်စေပဲသူကိုယ်တိုင်သန့်ရှင်းရေးလုပ်ကာ ထိန်းသိမ်းထားတဲ့အခန်းထဲဘာများရှိနိုင်မည်တုန်း။

"အချစ်တော်  Biuရယ်မလုပ်ပါနဲ့ အချစ်တော်မကြောက်ပေမယ့် ကျွန်မတို့ကြောက်လို့ပါ အကုန်သေကုန်ပါလိမ့်မယ်"

ဒူးထောက်မတက်တောင်းပန်နေတဲ့အစေခံကြီးကိုသနားပေမယ့် ဒီနေ့ဒီထိရောက်လာခဲ့ပြီးပြီလေ။နောက်ပြီး အရေးကြီးသည့်တွေ့ဆုံပွဲဖြစ်တာကြောင့်အမတ်ချုပ်ကတော်ရုံနဲ့ပြန်လာဖြစ်မည်မဟုတ်ကြောင်းသေချာမှာသွားသေးသည်။ဒီလောက်ကောင်းသည့်အခွင့်အရေးနောက်တစ်ခါရတော့မည်မဟုတ်တော့။

"ကျွန်တော့ကိုBibleဘာမှလုပ်မှာမဟုတ်ဘူး
ကြီးကြီးရဲ့အသက်ကိုလဲကျွန်တော်အာမခံတယ်"

ဆွဲလဲမရမယ့်အတူတူ လွှတ်ထားပေးလိုက်တာလူသက်သာပါတယ်ဆိုသည့်မျက်နှာအမူအယာနဲ့အစေခံကသူဆွဲထားတဲ့အချစ်တော်ရဲ့လက်ကောက်၀တ်ကိုလွှတ်ပေးလိုက်သည်။

အားကြီးနဲ့လဲဆွဲမထားရက်ပါ။
တော်ကြာ လက်ကောက်၀တ်ဖွေးဖွေးကနီရဲသွားသည်ရှိသော် သခင်ကြီးပြန်လာရင်ချက်ချင်းရိပ်မိမှာပင်။ထိုအခါကျမှ သူတို့၏ရှေ့ဆောင်လမ်းပြ
အစေခံလို သွားတွေအစိမ်းလိုက်နှုတ်ခံရပြီး
လမ်းဘေးမှာအော်ဟစ်ငိုယိုရင်းအသက်မထွက်ချင်ပါ။

"မြန်မြန်ပြန်ထွက်လာခဲ့နော် အချစ်တော်လေး"

"အင်းပါ စိတ်ချ နားချည်တော့"

အိမ်တော်ကအစေခံအတော်များများကြားထဲမှာရေပန်းစားသည့်စကားက အချစ်တော်ဆီကနေ
နေရောင်ခြည်လိုနွေးထွေးတဲ့ ဓာတ်ကလေးရသည်ဆိုတာပါပဲ။

အချစ်တော် Biuအိမ်ကိုစစရောက်ချင်းတုန်းက
သူတို့၏သခင်လေးသည်အကျင့်ပျက်ကာတဏှာကြီးသည့် အမတ်ချုပ်မျိုးဖြစ်လာနေပြီဟုမှားယွင်းထင်မိပြီး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြဖူးသည်။
အချစ်တော်ကိုလဲ ငွေမက်ကာ အသုံးအဖြုံးကြီးမှုဘေးအန္တရာယ်မှကာကွယ်ရန်သခင်လေးကိုဖျားယောင်းရင်း မောက်မာမည်လို့အထင်လွဲခဲ့ကြဖူးသည်။

Dimples And Dumplings (Completed) Where stories live. Discover now