Part-20

321 64 8
                                    

အစက်အပျောက်တွေနဲ့အပြေးမြန်တဲ့သတ္တ၀ါနောက်လိုက်ရင်း ၂ယောက်သားကယောင်ချာချာ။
တောလည်တယ်ဆိုတာဒါမျိုးလား။
Biubiuကတော့မျက်နှာလေးကြည်နေသည်။
စောနကသမင်ပေါက်လေးကိုသနားလို့မျက်ရည်လေးစမ်းစမ်း
စမ်းစမ်းဖြစ်နေတာ သူမဟုတ်သလို။

သတ္တ၀ါလေးတွေကိုသိပ်ချစ်တဲ့လူကိုမှအမဲလိုက်ခေါ်ရန်အဖော်ခေါ်မိတာ ကောင်းတဲ့အကြံတော့မဟုတ်ဘူး။ဟိုအကောင်ကိုပစ်ဖို့ချိန်ရွယ်လိုက်လျှင် သူကသနားနေပြီ။ဒီအကောင်ရဲ့နှလုံးတည့်တည့်လေးချိန်လိုက်လျှင် သူကမျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့မို့ခရီးကလိုသလောက်မပေါက်။

နောက်ဆုံး သမင်တစ်ကောင်ကိုပစ်မိတော့တအီးအီးငိုတော့တာပဲ။ ချော့ကာချက်ကာနဲ့ အချိန်အတော်ဖြုန်းမိပြီး
အိမ်ပြန်လမ်းကိုရှာတော့
လမ်းကပျောက်လုဆဲဆဲ။မှန်းဆပြီး
ဦးတည်ခဲ့တဲ့လမ်းကလဲ အချိန်တန်ရင်ဤနေရာပြန်ပြန်ရောက်လာခဲ့သည်။

"Ben? ဒီနေရာပဲပြန်ရောက်လာတာမလား"

"အင်း"

အချိန်နှင့်ဒီရေသည်လူကိုမစောင့်ဆိုသလို
လင်းလင်းထင်းထင်းမရှိတော့တဲ့ ညနေစောင်းအချိန်ကလမ်းပျောက်နေတဲ့သူ၂ဦးကိုပိုပြီးရှုပ်ထွေးစေသည်။

"အေးလာပြီ"

"တောင်းပန်ပါတယ် မဆင်မခြင်ပဲခေါ်လာခဲ့မိလို့"

မျိုးရိုးမြင့်ရဲ့မျက်လုံးထဲ အားတုံ့အားနာဖြစ်မှုတွေ
တုံ့ဆိုင်းမှုတွေပြည့်နေတာကြောင့် build ကခေါင်းကိုအသာယမ်းပြီးသူအဆင်ပြေကြောင်းပြောလိုက်သည်။

"မီးမွှေးမှရမယ်ထင်တယ်"

မီးမွှးရန်လိုတဲ့သစ်ကိုင်းခြောက်တွေ သစ်ရွက်ခြောက်ကထင်ထားတာထက်ပိုရှားနေသည်။
တောထဲမှာမို့ သစ်ကိုင်းတွေပေါမည်ထင်ထားခဲ့
ပေမယ့် အရင်နေ့ကနှင်းခဲတွေကြောင့် စိုစွတ်နေတဲ့သစ်ကိုင်းတွေကအများသား။

သစ်ကိုင်းချောက်တွေနောက်လိုက်ရင်းလိုက်ရင်းကနေ အမှောင်ထဲမှာ စူးတောက်နေတဲ့ခပ်ရဲရဲမျက်လုံးတစ်စုံ နဲ့အကြည့်ခြင်းစုံမိသည်။

Dimples And Dumplings (Completed) Where stories live. Discover now