Epi - 2

422 17 0
                                        

Unicode

ကမာရွတ်မြို့နယ် ရပ်ကွက်တစ်ခုတွင်ဖြစ်သည် ခြံဝန်းမကျဉ်းမကျယ်တစ်ခုအတွင်းတည်ဆောက်ထားသော နေချင်စဖွယ် မိုးပြာရောင်တစ်ထပ်တိုက်အိမ်ငယ်လေးတစ်လုံး၊ ထိုအိမ်၏ ဧည့်ခန်းတွင်တော့ စာရင်းတွက်ချက်လျက်ရှိသော အမျိုးသမီးတစ်ဦးထိုင်နေလေသည်။ ထိုအမျိုးသမီး၏ပုံသဏ္ဍာန်မှာ တစ်စုံတစ်ယောက်၏ပြန်အလာကို စောင့်မျှော်နေဟန်လည်းတူသည်

ဒေါ်သင်းရတနာတစ်ယောက် ည၉:၂၀အထိ အိမ်ပြန်မရောက်သေးသော သားဖြစ်သူအား ဆိုင်မှစာရင်းများကိုတွက်ရင်း စိုးရိမ်ကြီးစွာ စောင့်နေမိသည်။ ယနေ့ညဧည့်သည်တွေကိုဘုရားလိုက်ပို့ရမည်ဖြစ်သဖြင့် နောက်ကျပါမည်ဟု ဖုန်းဆက်အကြောင်းကြားထားပါသော်လည်း မကြာသေးခင်ကအထိ သည်းထန်စွာရွာသွန်းနေသော မိုးပစ္စုန်ကြောင့် စိုးရိမ်စိတ်တို့ဝင်လာခြင်းပင်

"ကျွီ....."

တံခါးဖွင့်သံကြောင့် ခြံဝကိုမျှော်ကြည့်မိသည် သားတော်မောင်ပြန်လာပြီထင်ရဲ့

" ဟော ကိုဘုန်းပြန်လာပြီလား နောက်ကျလိုက်တာကွယ်၊ သားဖုန်းဆက်ထားပေမယ့် မိုးတွေအရမ်းရွာနေတော့ မေမေကစိတ်ပူနေတာ"

" မိုးရွာတာကြောင့်ပဲ နောက်ကျသွားတာမေမေရယ်၊ မိုးကအရမ်းသည်းတော့ ဘုရားပေါ်မှာပဲ မိုးစဲတဲ့အထိစောင့်နေလိုက်တာ၊ နည်းနည်းတော့မိုးစိုသွားသေးတယ်၊ ဒါနဲ့ ကျွန်တော်တို့ရဲ့ ကျောင်းသားကြီးကိုပြည့်ရော စာလုပ်နေတာလားမေမေ"

" ဟုတ်ပါတယ်ခင်ဗျ၊ မနက်ဖြန် tutorial ရှိလို့ စာလုပ်နေတာပါဗျ၊ အခုနောက်ကျမှအလုပ်ကပြန်ရောက်တဲ့ ကျွန်တော့်အကိုကြီးထမင်းစားဖို့ ထမင်းပွဲထွက်ပြင်ပေးတာပါဗျ" ပြောင်စပ်စပ်မျက်နှာထားဖြင့် အကိုဖြစ်သူအား ရွှတ်နောက်နောက်ပြောလာလေသော ဘုန်းပြည့်‌လင်္ကာပါပင်

" ဒီကောင်တော့ အစ်ကိုကိုစ,စရာထင်နေလား ဟမ်" ဟုဆိုကာ ပြောင်ချော်ချော်လုပ်နေသောညီငယ်အား ဗိုက်ခေါက်ကို ခပ်နာနာလေးလိမ်ဆွဲပေးလိုက်သည်

" အားး ကိုကိုတော်တော့ နာတယ် နာတယ်လို့၊ လူကိုနာအောင်လုပ်တယ် ထမင်းပွဲမပြင်‌ပေးတော့ဘူးဗျာ"

My Beloved Tourist Guide (Complete)Where stories live. Discover now