Epi - 16

105 4 0
                                    

Unicode

နားနေခန်းအတွင်းတွင် Fredနှင့် ဘုန်းမြတ်လင်္ကာအပြင် မည်သူမှရှိမနေကြ။ ကောင်းပြည့်စုံသည် အပြင်ကသာစောင့်မည်ဟုဆိုကာ အလိုက်တသိပင်ရှောင်ပေးသွားလေသည်။

‌ဘုန်းမြတ်လင်္ကာတစ်ယောက် မောင့်ပုခုံးထက်တွင်ဦးခေါင်းကိုမှီထားရင်းမျက်ဝန်းတို့ကိုမှိတ်ချထားလေသည်။

မောင်ကလည်းလက်တစ်ဖက်ကသူ့ပုခုံးကိုသိုင်းဖက်ထားလျက်ရှိပြီး ကျန်လက်တစ်ဖက်က သူ့ဦးခေါင်းကိုခပ်ဖွဖွလေးပုတ်ပေးနေလေသည်။

မျက်ဝန်းတို့ကိုမှိတ်ထားသော်ငြား အိပ်ပျော်နေသည်မဟုတ်ပဲ ပြီးခဲ့သောပြဿနာအကြောင်းကိုပြောနေကြခြင်းပင်။

" လင်္ကာမို့လို့ ခွင့်လွှတ်ပေးနိုင်တယ် မောင်ဖြင့်တကယ်မကျေနပ်ဘူး"

မာဆတ်ဆတ်လေသံကြောင့် ပုခုံးပေါ်မှီထားရာမှ မောင့်မျက်နှာကိုမော့ငေးမိတော့ မျက်နှာလေးကပါခပ်တင်းတင်း။

တွန့်ချိုးထားသည့် မျက်ခုံးတန်းတို့ကိုလက်ညိုးနှင့်လက်မသုံးကာ ပြေလျော့စေပြီး

" ပြဿနာကိုဘာလို့အကျယ်ချဲ့နေမှာလည်းမောင်ရယ် အခုလိုကျတော့ မြန်မြန်ပြီးမသွားဘူးလား"

" ဒါပေမယ့် သူကလင်္ကာ့ကိုပုတ်ခတ်ထားတာလေဗျာ"

ထိုအခိုက် ဘုန်းမြတ်လင်္ကာသည် ချစ်သူ၏ပုခုံးတို့ထံမှီထားရာမှ ခန္ဓာကိုယ်ကိုပြန်မတ်လိုက်ပြီး ချစ်သူမောင်၏မျက်နှာတော်လေးကိုလက်နှစ်ဖက်ဖြင့်ဆွဲယူအုပ်ကိုင်ပြီးမျက်နှာချင်းဆိုင်လိုက်လေသည်။

" ကိုယ့်ကိုကြည့်မောင် သူအဲ့လိုပြောလိုက်လို့ ကိုယ့်ဆီမှာပွန်းပဲ့သွားတာမောင်တွေ့မိလား"

မောင့်လက်အစုံသည် သူ၏လက်တို့အပေါ်မှအုပ်မိုးလာခဲ့ပြီးနောက်

" Physical ကိုမထိခိုက်ပေမယ့် mental(စိတ်ပိုင်းဆိုင်ရာ)ထိခိုက်သွားမှာကို မောင်ကစိတ်ပူတယ်လေဗျာ"

" ကိုယ့်ရဲ့ကိုယ်ရောစိတ်ပါ မောင့်ရဲ့ကာကွယ်မှုကြောင့်ဘာမှမဖြစ်ခဲ့ပါဘူးကွာ ပြီးတော့ကိုယ့်‌ကြောင့်နဲ့မောင့်ကို အလုပ်နဲ့ကိုယ်ရေးကိုယ်တာရောထွေးတတ်တဲ့ အထက်လူကြီးတစ်ယောက်ဆိုပြီး တစ်ဖက်စောင်းနင်းမြင်သွားကြမှာကို ကိုယ်ကမလိုလားတာပါ အဲ့ဒါကြောင့် နောက်ဆိုရင်ကိုယ့်ဘာသာဖြေရှင်းပါ့မယ်"

My Beloved Tourist Guide (Complete)Opowieści tętniące życiem. Odkryj je teraz