Epi - 9

203 8 0
                                        

Unicode

အချိန်ကား ညနေ၄နာရီခွဲခန့်ရှိပြီဖြစ်သည်

မနက်ခင်းတွင်မိုးတောက်လျှောက်ရွာနေခဲ့ပါသော်လည်း နေ့လယ်၂နာရီခန့်ကစ၍ငြိမ်သက်သွားချေသည်။

သို့သော် ထက်အာကာတစ်ခွင်ကကြည်စင်နေသည်မဟုတ် မိုးတိမ်တို့ဖြင့် အဖြူရောင်လွင်ပြင်သဖွယ်ဖြစ်နေလေသောကြောင့် မိုးဖြူမစဲ မိုးမည်းမရွာဆိုသကဲ့သို့ နောက်တစ်ကြိမ်ထပ်မံရွာသွန်းဖြိုးမည့်အနေအထားတွင်ရှိပေသည်

လေနုအေးတို့က တိုးဝှေ့တိုက်ခတ်လျက်၊ မန္တလေးကျုံးနံဘေးတွင် လူအများကလှုပ်ရှားသွားလာလျက် ထိုလူများထဲတွင် အမျိုးသားနှစ်ဦးကို စက်ဘီးတစ်စီးနှင့်အတူတွေ့ရပေမည်။

နှစ်ဦးသားအနက် အရပ်ပိုရှည်ကာ မျက်ဆံပြာပြာတို့ကိုပိုင်ဆိုင်ထားသောအမျိုးသားက စက်ဘီးလေးကိုတွန်းလျက်ရှိသည်။

Fredတို့နှစ်ယောက် ၃နာရီထိုးခါနီးတွင် နန်းတော်ဆီသို့ထွက်လာခြင်းဖြစ်ကာ အပြန်တွင် ကျုံးဘေးတလျှောက်လမ်းလျှောက်ပြီးပြန်မည်ဟုဆိုကာ ယခုကျုံး‌နံဘေးတွင်ချစ်သူနှင့်အတူ စကားပြောရင်းတလှမ်းချင်းလျှောက်လှမ်းနေခြင်းပင်။

" လင်္ကာ ခဏ ခဏ ကျွန်တော်ဓာတ်ပုံရိုက်ချင်လို့"

ဓာတ်ပုံရိုက်ရန်အတော်လေးအဆင်ပြေလှသည့်နေရာပေမို့ ချစ်ရသူကို ဓာတ်ပုံရိုက်ပေးလိုသောဆန္ဒကြောင့် လမ်းလျှောက်နေခြင်းကိုရပ်ကာ စက်ဘီးကိုပါ အနီးရှိအပင်ကိုမှီကာ‌ရပ်လိုက်လေသည်

" လင်္ကာ လာဒီနေရာမှာရပ်"

" မင်းဓာတ်ပုံရိုက်ဖို့မဟုတ်ဘူးလား ပေးလေကိုယ်ရိုက်ပေးမယ်"

" မဟုတ်ဘူး လင်္ကာ့ကိုရိုက်ပေးမလို့"

" ဟင် ကိုယ့်ကိုလား"

" အင်းလေ လာပါဗျာ"

အူကြောင်ကြားလေးကို လက်မောင်းမှဆွဲကာ ကိုယ်တိုင်နေရာချပေးမိလေသည်

" Fred ကိုယ်မရိုက်တော့ဘူးလို့"

" မရဘူး ရိုက်ရမယ် လုပ်ပါဗျာ လင်္ကာကငြိုငြင်တာလား"

My Beloved Tourist Guide (Complete)Where stories live. Discover now