Epi - 13

86 4 0
                                    

Unicode

" ‌အဲ...အဲ့ဒါဆို CEOအသစ်ဆိုတာက...."

မျက်လုံးလေးများပြူးကျယ်လျက် လက်ညှိုးလေးတထိုးထိုးဖြင့်ဆိုလာသူအားကြည့်ကာ Fredသက်ပြင်းအသာချလိုက်ပြီး တဆက်တည်းပင် လက်ညှိုးလေးမှတဆင့် လက်လေးကိုဖမ်းဆုပ်ကိုင်လိုက်သည်။

" အင်း CEOအသစ်က မောင်ပဲလင်္ကာ"

ကြားလိုက်ရသောစကားကြောင့် ဘုန်းမြတ်လင်္ကာတစ်ယောက် မည်သည့်စကားမှမဆိုနိုင်တော့သည်အထိ မင်သက်သွားရသည်။

မောင်က သူတို့ရဲ့CEOအသစ်တဲ့လား သည်လိုသာဆိုလျှင် သူတို့ဘယ်လိုရှေ့ဆက်ကြရမလဲ။ 

မောင်ကသူ့ကိုလိမ်ထားခဲ့သည်။ ဒီကိစ္စကိုသူသာထုတ်မမေးပါလျှင် ဘယ်အချိန်ထိဖုံးကွယ်ထားမည်နည်း။ မောင်တာဝန်အရပ်ရပ်ကို လွှဲပြောင်းယူပြီးသည်အထိလော။ သို့တည်းမဟုတ် သူနှင့်ပတ်သတ်မှုကိုဖုံးကွယ်ထားမည်လော။

ထိုသို့ဖုံးကွယ်ထားမည်ဆိုပါလျှင် သူ့အပေါ်ထားသောမောင့်သဘောထားသည်ရော။

မဟုတ်သေး သူ့အနေ‌ဖြင့်မောင့်မေတ္တာများကို သံသယမဝင်ရက်ပါချေ။ မောင့်အပြုအမူတစ်ခုချင်း၏အသေးစိတ်ကအစ မည်သို့မှဟန်ဆောင်ထားခြင်းမဖြစ်နိုင်ပါချေ။

သူသည်လည်းမောင့်အပေါ်ရင်နဗင့်ရင်း၍မြတ်နိုးရပါသည်။ သို့သော် သူ့အနေဖြင့် ပတ်ဝန်းကျင်ဆိုသည့်အရာကိုတော့ ထည့်မတွက်ပဲမနေဝံ့ပါချေ။

မောင့်အပေါ်ထားရှိသောမေတ္တာတရားမှာ အစစ်အမှန်ဖြစ်ပါသော်လည်း လူတစ်ရာမှာ ၉၅ယောက်လောက်ကတော့ သူသည်‌ပိုက်ဆံမက်သဖြင့် မောင့်ကို အပိုင်ကြံသည်ဟုထင်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သူဟာအမျိုးသမီးတစ်ယောက်မဟုတ်ပဲ အမျိုးသားတစ်ယောက်ဖြစ်နေသည်မို့ စော်ကားပြောဆိုခြင်းဒဏ်ကို နှစ်ဆမကပိုမိုကြုံတွေ့ရပေလိမ့်မည်။

လူလတ်တန်းစားမိသားစုမှသူသည် ရွှေဘုံစံမင်းသားလေးတစ်ပါးကို လက်တွဲဖို့ရန်မဝံ့။ ဤသည်မှာ မထူးဆန်းလှဟု ထင်မိသည်။ အထူးသဖြင့် လူအများစုက လိင်တူမေတ္တာမျှတခြင်းကို နှာခေါင်းရှုံချင်ကြသည့်နိုင်ငံဖြစ်နေသည်မို့ ရိုင်းရိုင်းပြောရပါက သူ့ကိုယောက်ျားပိုင်းလုံးဟုပါ စော်ကားသမုတ်ကြပေလိမ့်ဦးမည်။

My Beloved Tourist Guide (Complete)Where stories live. Discover now