Unicode
CEO Mr. Fred၏ နှလုံးသားရေးရာကြေညာချက်တို့သည် မန္တလေးတွင်ပင်ရပ်တန့်မနေခဲ့ပေ။ ဘုန်းမြတ်လင်္ကာတို့ပင် ရန်ကုန်ပြန်မရောက်သေး ရုံးတွင်း group chatများ၏ကျေးဇူးဖြင့် သတင်းတို့၏ တစွန်းတစဟာဖြင့် ရန်ကုန်သို့ရောက်နေခဲ့ချေပြီ။
ကာယကံရှင်နှစ်ဦးသည် ထိုနေ့ကရန်ကုန်သို့ ည၇နာရီခန့်လောက်ကမှ ပြန်ရောက်ခဲ့ကြသည်မို့ ရုံးသို့တစ်ခါဝင်မနေတော့ပဲ ကိုယ်စီအိမ်သို့သာပြန်ခဲ့ကြလေသည်။
ကိုယ်စီအိမ်ပြန်သည်ဟုဆိုရာတွင်လည်း Fredတစ်ယောက်သည်တော့ ချစ်ရသူ၏အိမ်တည်နေရာကို သိရလေအောင်ကြိုးစားခဲ့သေးသည်ပင်။
"လင်္ကာ့အိမ်ကိုအရင်ပို့ခဲ့မယ်လေ အဲ့ကနေမှ မောင့်အိမ်ကို ကားဆက်ခေါ်သွားလိုက်မယ်"
ဟုဆိုကာ လေဆိပ်ကနေအငှားယာဉ်တစ်စီးတည်းငှား၍အိမ်ပြန်ခဲ့ကြခြင်းပင်။
အိမ်တည်နေရာကိုသိရှိသွားလေသည့် အနှီအချစ်တောက်တဲ့ကလေးမှာ နောက်တစ်နေ့တွင်တော့ ချစ်သူရှိရာရိပ်မြုံထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့လေတော့သည်။
ခြံဝရှိခေါင်းလောင်းငယ်ကိုလှုပ်ခတ်လိုက်တော့ မိမိတို့ထက်ငယ်လောက်မည့် လူငယ်တစ်ဦး အပြေးကလေးထွက်လာလေသည်။ ထိုလူငယ်မှာ ချစ်ရသူ၏ညီငယ် တစ်နည်းဆိုသော် သူ၏ယောက်ဖလောင်းပင်ဖြစ်ပေလိမ့်မည်။
ချစ်ရသူနှင့်ရုပ်ဆင်ကာ လူချောလေးတစ်ယောက်ဖြစ်သည့်တိုင် ယောက်ဖလေး၏ရုပ်ရည်မှာ သူ့အစ်ကိုကိုတော့ ဘယ်နည်းနဲ့မှမမှီပေ။
"ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျ"
"ကိုဘုန်းမြတ်လင်္ကာနဲ့တွေ့ချင်လို့ပါ"
"ကိုကို့ဧည့်သည်ထင်တယ်ဗျ ခဏနော် ကျွန်တော်ခြံတံခါးဖွင့်ပေးမယ်"
ကောင်လေးကပြောပြောဆိုဆိုနှင့်အိမ်ဘက်သို့ ခပ်သော့သော့လေးပြေးသွားလေသည်။
ထို့နောက် သော့တွဲလေးကိုင်ကာပြန်ထွက်လာသည်မှာ ယောက်ဖလေးမဟုတ်တော့ပဲ ချစ်ရသည့်လင်္ကာငယ်ကိုယ်တိုင်ဖြစ်နေလေသည်။
![](https://img.wattpad.com/cover/338953153-288-k77659.jpg)
ESTÁS LEYENDO
My Beloved Tourist Guide (Complete)
Romanceမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*