Unicode
ရာဇဝင်တို့၏သတို့သမီးဟုတင်စားခေါ်ဝေါ်ကြသော မြစ်ဧရာနဒီကိုဖြတ်သန်းကာ တိုက်ခတ်လာသောလေတို့မှာ မိုးအငွေ့အသက်တို့ပါရောယှက်လျက် အေးမြမြရှိလှပေသည်။
လှိုင်းကြက်ဖခွပ်ငယ်လေးတို့က လေအဝှေ့တစ်ချက်စီတိုင်းတွင် လှပစွာပေါ်လာပြီး ကခုန်နေသည့်နှယ်။
မကြာသေးမီကမှမိုးရွာထားသဖြင့် ဝန်းကျင်တစ်ခွင်တွင် အစိုဓာတ်မပြယ်သေး။ ပင်ရွက်စိမ်းတို့၏အဖျားအနားတွင် မိုးရေစက်လေးများခိုတွဲနေပုံက ပုလဲလုံးလေးများနှယ်။
ထိုအရာအားလုံးကိုပေါင်းစုလိုက်ပါက ဂန္ဓဝင်ပန်းချီကားချပ်အလား။
ပူပူနွေးနွေးချစ်သူနှစ်ဦးသည်တော့ ထိုပန်းချီတမျှလှပသာယာလွန်းသည့် ရှုမျှော်ခင်းတို့ကို တန့်ကြည်တောင်စေတီရင်ပြင်တော်ပေါ်မှ ကြည့်ရှုနေကြလေသည်။
နှစ်ဦးသားသည် ရှပ်လက်တိုအဖြူနှင့် ကွက်စိပ်ပုဆိုးတို့ကိုဆင်တူဝတ်ထားကြပြီး ဘုန်းမြတ်လင်္ကာသည် ကွက်စိပ်ပုဆိုး ပိတောက်ခြောက်ရောင်နှင့်ဖြစ်ကာ သူ၏ချစ်သူမောင်သည်တော့ ခရမ်းရင့်ရောင်ကိုဝတ်ဆင်ထားလေသည်။
နေ့မွန်းမလွဲခင် စွယ်တော်လေးဆူပြည့်အောင်ဖူးမျှော်ဆုတောင်းပါက ဆုတောင်းပြည့်သည်ဟူသောစကားရှိသည်။
Fredအနေဖြင့် ထိုကဲ့သို့အကြောင်းအရာများကို အယူမရှိခဲ့သော်ငြား ယခုတွင်တော့ ချစ်သူနှင့်ထာဝရလျှောက်လှမ်းရမည့် ဘဝခရီးလမ်းတွင် ခလုတ်ကန်သင်းတစ်ခုတစ်လေမျှမကြုံရပါပဲ အဆင်ပြေချောမွေ့စေပါကြောင်း ဆုတောင်းခဲ့လေသည်။
အေးမြသည့်မြတ်ဗုဒ္ဓ၏အရိပ်အာဝါသအောက်တွင် အချစ်ဟူသည့် ကိလေသာမီးတစ်မျိုးအတွက် တောင်းဆုချွေမိသည့်အတွင် အပြစ်ဖြစ်ပါသလော။
အပြစ်ဖြစ်သည်ဆိုပါကလည်း သူမတတ်နိုင်တော့ပေ ဆုကတောင်းခဲ့ပြီးပြီလေပြီ။ နိဗ္ဗာန်မဂ်ဖိုလ်ကိုမျက်မှောက်မပြုခင်စပ်ကြား ချစ်ရသူနှင့်အတူ သံသရာထဲတူတူပုန်းတမ်း ကစားချင်ပါသေး၏။
ချစ်ရသူလူသားငယ်၏ဆုတောင်းကိုလည်း သူသိချင်ပါသေးသည်မို့
ESTÁS LEYENDO
My Beloved Tourist Guide (Complete)
Romanceမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*
