Epi - 21

153 6 0
                                        

Unicode

ထမင်းစားချိန်မို့ ထမင်းဆိုင်ကလေးအတွင်း စားသုံးသူများက အများအပြားရှိနေချေသည်။

ဆိုင်အတွင်းဝေ့ဝဲလို့မျက်လုံးကစားကြည့်လိုက်သည့်အခါ စားသုံးသူများကြား အပြေးအလွှားဖြစ်နေသည့် မြတ်နိုးရာလင်္ကာငယ်ကိုတွေ့ရလေသည်မို့ အနည်းငယ်တော့ အံ့ဩရချေသည်။

အိမ်ကိုမသွားပဲ ယောက္ခမကြီး၏ထမင်းဆိုင်လေးဆီသို့အရင်ရောက်လာလိုက်သည်မှာ Fred၏ဆုံးဖြတ်ချက်မှန်သွားသည်ဟုဆိုရပေမည်။

"ဘုန်းမြတ်လင်္ကာတစ်ပွဲ ထမင်းမထည့်နဲ့"

"အမေ့!!"

စားပွဲဝိုင်းကိုသိမ်းဆည်းနေစဥ် နောက်ပါးဆီမှ နီးကပ်စွာထွက်ပေါ်လာသော ရင်းနှီးနေသည့် အသံကြောင့် ဘုန်းမြတ်လင်္ကာ လန့်ကာယောင်လိုက်မိသည်အထိ။

"မောင့်.."

ပါးစပ်လှုပ်ရုံ ခပ်တိုးတိုးခေါ်လိုက်တော့ အနားကိုပိုတိုးကပ်လာသည်မို့ ခန္ဓာကိုယ်ကို နောက်သို့ယိမ်းကာ‌ရှောင်ရသည်။

"ဗျာ....."

အခုလိုသံရှည်ဆွဲပြီး ပြန်ထူးလေတိုင်း ဘုန်းမြတ်လင်္ကာသည်လူကို အသည်းတယားယားဖြစ်ရသည်သာ။

"ညီမရေ ဒါလေးဆက်သိမ်းလိုက်နော် အစ်ကိုကိစ္စလေးပေါ်လာလို့"

အနီးနားတွင်ရှိနေသည့် ဆိုင်မှဝန်ထမ်းညီမလေးကိုသာ ဆက်သိမ်းခိုင်းလိုက်ကာ အနားကလူကို မျက်နှာရိပ်ပြလို့ ဆိုင်နောက်ဘက်ကိုခေါ်လာလိုက်သည်။ ကောင်တာရှိမေမေ့ကိုလှမ်းကြည့်မမိဆော့ ကိုယ်တွေကိုကြည့်ပြီးရယ်ချင်နေတာကို မနည်းထိန်းထားရသည့်ဟန်။

"‌ပြော ဘယ်ကနေဘယ်လိုရောက်လာတာလဲ"

"လင်္ကာသာအရင်ဖြေရှင်းရမှာပါနော် လုပ်စရာရှိလို့ဆိုတာ ဆိုင်မှာအခုလိုလာလုပ်နေတာကိုပြောတာလား"

ထိုသို့ပြောလာတော့ ဘုန်းမြတ်လင်္ကာရယ်သာပြနိုင်လေသည်။

"ချစ်တယ်လေနော်"

"အခုမှ လာပြီးမျက်နှာချိုသွေးမနေနဲ့ ခင်ဗျားအကုန်မေ့နေတာမလား"

My Beloved Tourist Guide (Complete)Where stories live. Discover now