Unicode
ဂိမာန်ကာလ အတာကူးသည့် တန်ခူးလချိန်ခါ။ ပျဉ်းမ၊ ငုဝါတို့ကအစပြုလို့ ပန်းမျိုးစုံပွင့်လန်းသည့် အလှထူးသည့် လတန်ခူး။ ရေသဘင်ပွဲဆင်ကာနွှဲလို့ မြန်မာတို့နှစ်ကူးကြသည့် မဟာသင်္ကြန်ကာလ၏ အကြတ်နေ့ပင်တည်း။
လေပြေညှင်းက သွဲ့သွဲ့ကလေးတိုက်ခတ်နေသည်။ သစ်ပင်သစ်ကိုင်းတို့က လေယူရာတိမ်းယိမ်းနွဲ့လျက်။ မနက်အစောပိုင်းက သင်္ကြန်မိုးရွာခဲ့လေသည်မို့ သစ်ရွက်ဖျားတို့တွင် ရေစက်ကလေးများက နေပျောက်ထိုးလိုက်လေတိုင်း စိန်ပွင့်လေးများသဖွယ်။ လေထုထဲတွင် ပိတောက်ရနံ့ခပ်သင်းသင်းနှင့်အတူ မိုး၏အေးမြသောအငွေ့အသက်တို့ပါ လွှမ်းခြုံလျက်ရှိပေသည်။
မြေနီကုန်း၏ လမ်းမနံဘေး၏ တစ်ခုသောနေရာတွင်တော့ *MAHAR ခရီးသွားလုပ်ငန်းမိသားစု သင်္ကြန်မဏ္ဍပ်* ဟူသည့် နဖူးစီးဖြင့် သင်္ကြန်မဏ္ဍပ်တစ်ခုက ထည်ထည်ဝါဝါတည်ရှိနေလေသည်။
ထိုမဏ္ဍပ်၏နောက်ဖက်တွင်တော့ ခပ်ကြိတ်ကြိတ်ဖြစ်နေကြသည့် အမျိုးသားနှစ်ဦးလည်းရှိနေလေသည်။
"အရမ်းချမ်းနေပြီမလား အထဲဝင်ရအောင်ဆိုလည်း မောင်ကစကားနားမထောင်ဘူး"
"မောင်ကနှင်းကျပြီးအေးတဲ့နိုင်ငံမှာနေလာတဲ့လူပါကွာ ဒီလောက်ကမအေးပါဘူး နောက်ထပ် ၁၅မိနစ်လောက်ထပ်ပဲ ထပ်ဆော့မယ်လေနော်"
မချမ်းပါဘူးပြောကာ မဏ္ဍပ်ပေါ်ပြန်တက်ရန် ဟန်ပြင်နေသူက တစ်ကိုယ်လုံးရွှဲရွှဲစိုလို့ မေးပင်ရိုက်ချင်နေချေပြီ။
နှစ်စဉ်နီးပါးမြန်မာပြည်ကို ပြန်လာလေ့ရှိပေမယ့် သင်္ကြန်ကိုငယ်စဉ်အခါကသာ နှစ်ခါမျှကြုံခဲ့ဖူးသည့် နော်ဝေးသားက ရေဆော့ရတာကို အတော်လေးသဘောတွေ့နေပုံရသည်။
မနက်၈နာရီခွဲကတည်းက မြေနီကုန်းရဲ့ရပ်ကွက်တွေထဲ ကလေးတစ်ယောက်နှယ် ရေသေနတ်တစ်လက်ကိုင်ကာ သွားလာနေခဲ့သူက ၁၀နာရီထိုးခါနီးမှ မဏ္ဍပ်ရှိရာပြန်ရောက်လေသည်။ သူတစ်ယောက်တည်းသွားတာတော့မဟုတ် ဘုန်းမြတ်လင်္ကာကိုပါ အပါခေါ်သွားသေးသည်။
![](https://img.wattpad.com/cover/338953153-288-k77659.jpg)
YOU ARE READING
My Beloved Tourist Guide (Complete)
Romanceမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*