Unicode
" Morning လေးလေး" ဧည့်ခန်းထဲတွင်ထိုင်ကာ သတင်းစာဖတ်နေသော ဦးလေးဖြစ်သူအားအပေါ်ထပ်မှဆင်းလာရင်း နှုတ်ဆက်လိုက်သည်
"Morning ပါကွာ၊ မင်းဘွားဘွားနဲ့ ဒေါ်လေးရော ဘုရားရှိခိုးနေကြတုန်းလား"
" ဟုတ်တယ်လေးလေး"
" အဲ့ဒါဆိုလည်း အမေတို့ဆင်းလာမှ မနက်စာစားကြတာပေါ့ ဒီမှာခဏလာထိုင်ပါဦးကွာ လေးလေးမင်းကိုမေးစရာရှိလို့"
ထိုစကားကိုပြောလိုက်သောဦးလေးဖြစ်သူ၏မျက်နှာမှာ ပြုံးစစဖြစ်နေသဖြင့် ပြည်ချစ်မောင်မျက်မှောင်တစ်ချက်ကျုံ့လိုက်မိသည်
" ဘာပြောမလို့လဲဗျ၊ ပြီးတော့ လေးလေးမျက်နှာကဘာလို့ရယ်ချင်တဲ့ရုပ်ကြီးဖြစ်နေရတာလဲ"
" ဟားဟား ငါ့တူကမျက်နှာရိပ် မျက်နှာကဲဖမ်းတာတော်တာပဲကွ၊ လေးလေးလည်းဒီလိုပဲပေါ့ကွာ မနေ့ညက ဝန်ထမ်းlistတောင်းတဲ့ ငါ့တူရဲ့မျက်နှာပေးကြောင့်သိချင်တာလေးရှိလာလို့"
" ညကကျွန်တော့်မျက်နှာက ဘာ..ဘာဖြစ်နေလို့လဲဗျ"
ထိုစကားကိုပြောရင်း စိတ်တွင်းမှမလုံမလဲဖြစ်လာမိသည် လေးလေးပြောတာလည်းမှားမနေပဲကို ကိုယ်တိုင်က လင်္ကာ့အကြောင်းသိချင်လွန်းကာ အလောသုံးဆယ်ဖြစ်နေခဲ့သည်မဟုတ်လား
" မေးတော့လည်းပြောပြရတာပေါ့ကွာ၊ မနက်မှကြည့်ပါဆိုတာကို ညတွင်းချင်းတောင်းသွားတာလေကွာ တစ်ယောက်ယောက်အကြောင်းကိုအရမ်းသိချင်လွန်းလို့မဟုတ်ဘူးလား ဟင်" ဦးလင်းနိုင်ကပြောရင်းနှင့် မျက်ခုံးတစ်ဖက်ပင့်ပြလာလေသည်
" ကျွန်တော့ပုံစံကအဲ့လောက်အလျင်လိုသွားတာလား" Fredမနေတတ်စွာ ဂုတ်ပိုးကိုပွတ်နေမိသည်
" ကဲကွာ ပြောပါဦး မနေ့ကမှ မြန်မာပြည်ပြန်ရောက်တဲ့လူက ရုံးကဘယ်သူ့အကြောင်းကို သိချင်လို့များလဲ"
" အဲ့ဒါကမနေ့ညက ဘုရားပေါ်မှာကုမ္ပဏီက Guideတစ်ယောက်နဲ့ အမှတ်မထင်ဆုံခဲ့တယ်"
"ခဏလေး လေးလေးစကားဖြတ်ပြောတာတော့မဟုတ်ပေမယ့်၊ လေးလေးအမှတ်မမှားရင် ခရီးစဉ်တွေအရ ညကရွှေတိဂုံမှာရှိနေမယ့်guideက ဘုန်းမြတ်လင်္ကာ တစ်ယောက်ပဲရှိတယ်"
BINABASA MO ANG
My Beloved Tourist Guide (Complete)
Romanceမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*