Final

398 8 0
                                        

Unicode

ရပ်နားခြင်းမရှိ စဉ်ဆက်မပြတ်လည်ပတ်နေသော အချိန်ကာလစက်ဝန်းသည်ကား သူ၏ဝတ္တရားမပြတ် လည်ပတ်နေလေရာ မိုးစက်ကလေးများဖျန်းပက်ရာ၊ မြေသင်းနံ့ထုံသင်းရာ မိုးဦးကာလသို့ပြောင်းလဲခဲ့သည့်မှာ နှစ်ကြိမ်တိုင်ခဲ့လေပြီ။

သည်နှစ်နှစ်ကျော် သုံးနှစ်နီးပါးကာလအတွင်း Fredနှင့် ဘုန်းမြတ်လင်္ကာတို့၏ မေတ္တာနှောင်ကြိုးသည်ကား ခိုင်မြဲသည်ထက် ခိုင်မြဲလာခဲ့ကြလေ၏။

သည်နှစ်အတွင်း နော်ဝေးသို့ပညာတော်သင်ရောက်ရှိနေသည့် Fred ၏ညီမဝမ်းကွဲတော်စပ်သူ သော်တာနိုင်သည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့သည်မို့ Fredတာဝန်ယူထားခဲ့သည့် MAHAR Travel & Tourလုပ်ငန်းကို သော်တာနိုင့်လက်ထဲ လွှဲပြောင်းလိုက်ပြီဖြစ်သည်။

နှစ်ဦးပိုင်းကတည်းက ပြန်ရောက်ခဲ့သော်ငြား ချက်ချင်းလက်လွှဲပေးလို့မရသည်ဖြစ်ရာ ၆လခန့်Fredနှင့်အတူ မောင်နှမနှစ်ယောက် အတူတကွတာဝန်ယူခဲ့ကြလေသည်။

နော်ဝေးဘက်မှ လုပ်ငန်းတချို့ကို ဦးစီးရန်တာဝန်ရှိနေသေးသည့် Fredသည် ‌လာမည့် စက်တင်ဘာလတွင် နော်ဝေးသို့ ပြန်ရမည်သာ။

သူပြန်သည်နှင့် ချစ်ရသူကိုပါ တစ်ပါတည်းအပါခေါ်နိုင်ရန် အခုကတည်းက ပြင်သင့်သမျှကို ပြင်ဆင်နေတော့ပြီပင်။

အခုလည်းချစ်သူနှစ်ဦးသား တနင်္ဂနွေပိတ်တွင် နေ့လယ်စာကိုအပြင်ထွက်စားရင်း အနာဂတ်အစီအစဉ်အကြောင်းဆွေးနွေးလို့နေချေသည်။

"လင်္ကာ ဟိုရောက်ရင်ဘာလုပ်ချင်လဲ အိမ်ထဲမှာပဲနေခိုင်းတာမျိုးတော့ မောင်မလုပ်ပါဘူး၊ Tour Guideကလွဲလို့ကြိုက်တာလုပ်မောင်ခွင့်ပြုတယ်"

"ဟင် ကိုယ့်ကguideမလုပ်လို့ ဘာလုပ်ရမလဲမောင်ရဲ့"

"မလုပ်ပါနဲ့ကွာ လင်္ကာသာguideလုပ်ရင် ‌ခရီးတွေသွားနေရမှာလေ အဲ့လိုကျတော့မောင်ကအလုပ်တွေနဲ့လိုက်ခဲ့လို့မရဘူးလေ"

ခပ်ချွဲချွဲပြောလာသည့်အပြင် ဘေးချင်းကပ်ထိုင်နေသည့် ဘုန်းမြတ်လင်္ကာ၏ လက်မောင်းကို ကလေးများနှယ် ဆွဲကိုင်လှုပ်ရမ်းလာလေသည်။

My Beloved Tourist Guide (Complete)Where stories live. Discover now