Epi - 20

97 2 0
                                    

တံခါးခေါက်လိုက်ပြီးသည့်နောက် တံခါးရွက်ကလေးကပွင့်ဟလာကာ မိမိကိုပြုံးပြနေသည့် မောင့်မျက်နှာ‌ကိုမြင်လိုက်ရလေသည်။ ပြုံး‌နေသည့်မျက်နှာက အဖျားရှိန်ကြောင့် အနည်းငယ်တော့နွမ်းလျလို့နေသည်။

ချစ်သူမောင်က ရှပ်အင်္ကျီနှင့် style pants အနက်ရောင်ကိုဝတ်ဆင်ထားပြီး ရှပ်အပေါ်မှ ဆွယ်တာလက်ရှည်အပါးတစ်ထည်ကိုထပ်ဝတ်ထားကာ ခါတိုင်းသွေးရောင်လွှမ်းနေတတ်သည့် နှုတ်ခမ်းကလေးများက အနည်းငယ်အရောင်ဖျော့နေချေသည်။

အခန်းတွင် ပိတောက်ပန်းနံ့ခပ်သင်းသင်းကိုလည်းရနေပါ၏။

လင်္ကာငယ်ကရုံးခန်းထဲဝင်လာကတည်းက မျက်မှောင်ကလေးကုပ်ကာ ကြည့်လို့လာလေသည်။ ရုံးခန်းတံခါးကို သေချာပြန်ပိတ်လိုက်ပြီး ‌lockပါချလိုက်ပြီးနောက် ချစ်ရသူရှိရာဘက်မျက်နှာပြန်မူလိုက်သည့်အခိုက်

"နေမကောင်းပဲ ဘာလို့ရုံးကိုလာတာလဲ ဟင်"

စိုးရိမ်သံဖြင့်မေးလာသည့်မေးခွန်းနှင့်အတူ လက်ကလေးတစ်ဖက်ကပါ Fred၏နဖူးပြင်ပေါ်ရောက်လာလေသည်။

နဖူးပြင်ထက်အပူချိန်တိုင်းတာနေသည့် လက်ကလေးကိုအသာဆွဲယူလို့ လက်ဖမိုးလေးထက်သို့ အသာနမ်းရှိုက်လိုက်ရင်း

"သက်သာပါတယ်ဗျာ စိတ်မပူနဲ့နော်"

"စိတ်မပူနဲ့သာပြောတာ လူကဖြင့် သွေးရောင်တောင်မရှိဘူး ဖြူဖျော့နေပြီးတော့"

"‌စိတ်ထင်လို့ပါ မောင့်အသားကအစကတည်းကအဖြူပဲကို"

"ထားပါတော့လေ ပြောပါဦးဗျာ ဘယ်လိုဖြစ်ပြီးရောက်လာရတာလဲ ရောက်ရောက်ချင်းလူကိုပါခေါ်တယ်ဆိုတော့"

ရုံးခန်းထဲဝငလာကတည်းက ကိုယ့်ကိုယ်သာစိုးရိမ်တကြီးလိုက်ကြည့်နေသူက စားပွဲပေါ်တင်ထားတဲ့ ပိတောက်ပန်းများကိုမြင်ဟန်မတူ။

ခပ်ပြုံးပြုံးမျက်နှာထားဖြင့် မိမိအနောက်ကိုမေး‌ငေါ့ပြလာသူကြောင့် ကျောပေးထားမိသည့် စားပွဲဘက်ကိုလှည့်ကြည့်လိုက်တော့

"ပိတောက်ပန်းတွေ..."

"အင်း ပိတောက်ပန်းတွေ လင်္ကာကြိုက်တယ်ဟုတ်"

My Beloved Tourist Guide (Complete)Where stories live. Discover now