Epi - 8

211 9 0
                                        

Unicode

မန္တလေးသို့ရောက်ပြီး ဒုတိယမြောက်နေ့ဖြစ်သည်

မိုးဒေဝါသည်လည်း မနက်မိုးလင်းကတည်းကရွာလိုက် ‌တိတ်သွားလိုက်ဖြင့် တစ်နေကုန် နေသာမည့်ပုံမရှိပါချေ စနေမိုးဖြစ်သဖြင့် စွေသွန်းဖြိုးနေလေသလားတော့မပြောတတ်

ထို့ကြောင့် Fredသည် အချိန်တွေအများကြီးရှိပါသေးတယ်ဟုဆိုကာ ယနေ့တစ်ရက်ကို နားနားနေနေသာနေရန် ဆုံးဖြတ်လိုက်လေ၏

ယမန်နေ့ညက သိခဲ့ရသောအကြောင်းအရာတစ်ခုကို အကောင်အထည်ဖော်ရန်လည်းကြိုးပမ်းလျှက်ရှိ၏။

မနက်စားစားအပြီး Hotelတွင် စက်ဘီးငှားခြင်းဝန်ဆောင်မှုရှိမရှိကိုစုံစမ်းခဲ့လေရာ ကံတရားက ပြည်ချစ်မောင်၏အချစ်ခရီးလမ်းကိုပံ့ပိုးလျှက်ရှိသည့်အလား Hotelတွင် အချိန်ပိုင်းစက်ဘီးငှားသည့်ဝန်ဆောင်မှုကရှိနေလေသည်။

သိလိုရာသိရပြီးနောက် အခန်းတွင်းသို့တက်ကြွသောခြေလှမ်းတို့ဖြင့် ဝင်ရောက်လာခဲ့လေသည်။ အခန်းထဲရောက်ရောက်ချင်း

" မျက်နှာကြီးကပြုံးလို့ရွှင်လို့ပါလားFred"

" အဲ့လောက်သိသာနေတာလား ဟီး.."

ချစ်ရသူ၏အမေးကြောင့် ပြည်ချစ်မောင် သွား၃၂ချောင်းပေါ်အောင်ရယ်ပြလိုက်မိသည်

" သိသာတာမှ နဖူးမှာ 'ကျွန်တော်ပျော်နေပါတယ်ခင်ဗျာ' ဆိုပြီးစာရေးထားတဲ့အတိုင်းပဲ၊ ပျော်စရာရှိရင်မျှပါဦး"

" ထွေထွေထူးထူးတော့မဟုတ်ပါဘူး ကျွန်တော်ကြံစည်နေတာလေး အဆင်ပြေသွားလို့ပါ

မနေ့ညက ကောင်းပြည့်စုံပြောသွားတာမှတ်မိတယ်မဟုတ်လား နန်းတော်နဲ့ဒီနဲ့က စက်ဘီးနဲ့ဆို ၁၅မိနစ် မိနစ်၂၀ လောက်ပဲသွားရတယ်ဆိုတာလေ"

" အင်းမှတ်မိ‌တယ်လေ မိုးရွာလို့နားနားနေနေ,နေမယ်ဆိုပြီး အခုမိုးရေကြီးထဲ စက်ဘီးနဲ့သွားမလို့လား၊ ဖျားနာကုန်အောင်လို့"

" အခုမသွားပါဘူးဗျာ မိုးတိတ်မှသွားမှာပါ by the way ကျွန်တော်ကိုအခုလို စိတ်ပူပေးတဲ့အတွက် ချစ်သူလေးကိုကျေးဇူးတင်ပါတယ်ဗျာ"

My Beloved Tourist Guide (Complete)Onde histórias criam vida. Descubra agora