Unicode
" ဟေး သွားကြမယ်လေ မိုးရွာတာကြည့်ပြီး ဘယ်သူ့ကိုလွမ်းနေတာလဲ"
" လွမ်းနေတာမဟုတ်ပါဘူးဗျာ ဆုတောင်းနေတာ' လင်္ကာနဲ့ပေါင်းဖက်ရပါလို၏' ဆိုပြီးဆုတောင်းနေတာ"
Fred၏စကားကြောင့် ဘုန်းမြတ်လင်္ကာတစ်ကိုယ်လုံးပူထူလာသကဲ့သို့ ခံစားလိုက်ရသည် ' ဒီကောင်လေး ဘာကြောင့်ဒီလောက်ထိ ပြောရဲဆိုရဲဖြစ်နေရတာလဲ'
" လာ လာ စကားများမနေနဲ့တော့"
မေးတာကိုပြန်ဖြေရုံနဲ့တင် ကျွန်တော်ကစကားများတယ်ဖြစ်သွားရတော့တာပါပဲ ရှက်တာကို ရှက်တယ်မပြောဘူး တကယ်အသည်းယားစရာလေး
"Fred ပြည့်စုံရောက်နေပြီကွ ဘာတွေပြုံးဖြီးဖြီးလုပ်နေတာလဲ လာ,သွားမယ်"
" အင်း သွားမယ် သွားမယ်"
ပြောပြောဆိုဆိုနဲ့ထွက်သွားသူနောက်ကို ခရီးသွားတိုင်းဆောင်ယူနေကြ cameraကိုမပါမဖြစ်ဆွဲလို့ ခပ်သော့သော့လေးလိုက်ရပြန်သည် အတော်လေးရှက်သွားသည်ထင် အနောက်မှမြင်နေရသော နားရွက်လေးနှစ်ဖက်မှာ ပတ္တမြားနှယ်နီစွေးစွေးဖြစ်နေလေသည်
မိမိဆီလှမ်းလာနေသည့် ရှပ်အင်္ကျီအစိမ်းနုတို့ကို ဆင်တူဝတ်ဆင်ထားသော လူနှစ်ယောက်ကိုတွေ့လေတော့ ကောင်းပြည့်စုံစိတ်ထဲတွင် အတွေးတစ်ခုတည်းကသာ တဝဲလည်လည်ဖြစ်နေတော့သည်
' ငါတော့တကကယ်ကြီး တတိယဘီးဖြစ်ပြီထင်တယ်'
ထိုနှစ်ဦးမိမိနှင့်နီးကပ်လာလေ အတွေးတို့မှာပို၍သေချာလာသယောင် ရှေ့မှခပ်သွက်သွင်လျှောက်လာသူမှာ နှာခေါင်းထိပ်ဖျားနှင့် နားရွက်ဖျားတို့နီရဲလျှက် ထိုသူ၏နောက်တွင်ကပ်လျှက်လျှောက်လှမ်းလာသူကတော့ ပြုံးစစမျက်နှာပေးဖြင့်
ဒီအနေအထားက အချစ်ငှက်တို့ တစ်ဦးကိုတစ်ဦး စ,နောက်ရင်းဖြစ်လေ့ရှိတဲ့ မျက်နှာအနေအထားမဟုတ်ဘူးလား
အနားရောက်လာသော ကိုဘုန်းမြတ်ထံတွင် name plate မတွေ့မိလေတော့
" ကိုဘုန်းမြတ် name plateရောဗျ၊ အခန်းထဲမှာကျန်ခဲ့တာလား"
ESTÁS LEYENDO
My Beloved Tourist Guide (Complete)
Romanceမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*