Unicode
" မောင် "
ထိုနာမ်စားကိုကြားလိုက်ရသည့်အခိုက် Fredတစ်ယောက် ကျောကိုဆတ်ခနဲမတ်လိုက်မိသည်။
အသံမှာတိုးညင်းညင်သာသော်လည်း တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကြောင့် သေချာရှင်းလင်းစွာကြားလိုက်ရလေသည်။
လင်္ကာက အခုသူ့ကို မောင်လို့ခေါ်လိုက်တာတဲ့လား။ Fredမှာ ကမ္ဘာလောကကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ခံစားလိုက်ရပြီး မင်သက်အံ့သြလွန်းသဖြင့် မည်စည့်စကားကိုမှမဆိုနိုင်တော့ပါချေ။
သတိပြန်ဝင်လာချိန် မိမိရှေ့မှလူသားလေးကိုကြည့်လိုက်မိရာ ချစ်ခက်သက်လျာလေးက ခေါင်းကိုငုံ့ချထားလျက် နားရွက်ဖျားလေးတို့ကနီစွေးစွေး။
ရှက်နေသူကိုကြည့်ပြီး ယခင်ကလို စ,နောက်ချင်စိတ်တို့မရှိတော့ပဲ အံ့ဩမှုနှင့်အတူ မြတ်နိုးခြင်းတို့သည်သာ တဖွားဖွားပေါ်ပေါက်လာပေသည်။
" လင်္ကာ ကျွန်တော့်ကိုကြည့်ပါဦးဗျ"
တစ်ဆက်တည်း ချစ်ရသူလေး၏ပုခုံးတစ်ဖက်ကို လက်တစ်ဘက်ဖြင့်ထိန်းကိုင်လျက် ကျန်လက်တစ်ဖက်က မေးစေ့လေးကိုအသာအယာပင့်မော့လို့ မျက်လုံးချင်းဆုံစေလိုက်သည်။
ရှက်နေ၍ထင်သည် မျက်နှာတော်နုနုလေးက ပန်းရောင်လေးပြေးလို့နေကာ မိမိကိုကြည့်လာလေသည်။
" ကျွန်တော့်ကို မောင်လို့ခေါ်လိုက်တာဟုတ်တယ်မလား နားကြားမှားတာမဟုတ်ပဲတကယ်ခေါ်လိုက်တာမဟုတ်လား ဟင်"
"......"
ဘာစကားမှပြန်ဆိုမလာပဲ အကြည့်လွှဲသွားပြန်သည်။ အင်း မောင်လို့တစ်ခွန်းခေါ်ပြီးအတော်လေးရှက်သွားပုံပင်။
" မောင့်ကိုပြန်ဖြေပါဦးအသက်လေးရဲ့"
မရဲတရဲလေးပြန်ကြည့်လာပုံလေးက ကလေးပေါက်စလေးနှယ် ဖျစ်ညှစ်ပစ်ချင်စရာ။
" အာ.....မေးတာမဖြေပဲ ဘယ်လိုလေးကြည့်နေတာလဲကွာ ကြာရင် အကောင်လိုက်မျိုချမိတော့မှာနော်"
မိမိကိုကလေးပေါက်စလေးနှယ်ပြုမူနေသူကြောင့် ရှက်စိတ်တို့နှင့်အတူ ပိတ်ရိုက်ပစ်ချင်စိတ်တို့ပါ ပေါ်လာခဲ့ရသည်။ မရိုက်ရက်တာက တစ်ကဏ္ဍဆိုပေပေါ့လေ။
YOU ARE READING
My Beloved Tourist Guide (Complete)
Romanceမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*
