Unicode
ဘုန်းမြတ်လင်္ကာအခန်းထဲပြန်လာပြီး ငူငူငိုင်ငိုင်သာထိုင်နေမိသည်။ သူ့စိတ်ထဲတွင် ဝမ်းနည်းစိတ်တို့နှင့်သာပြည့်နှက်နေပြီး မျက်ရည်များသည်လည်းထိန်းမရပါချေ။
သူအခန်းထဲပြန်ရောက်ပြီးသိပ်မကြာလိုက် အခန်းတံခါးပွင့်ဟလာကာ သူ၏ချစ်သူမောင်ဝင်ရောက်လာပါ၏။ ကုတင်စွန်းတွင်ထိုင်လျက်ကပင် သူမောင့်ကိုလိုက်ကြည့်နေမိသည်။ မောင့်ကိုကြည့်နေရင်းနှင့်မှ နီးလျက်နှင့်ဝေးနေသယောင် ခံစားနေရသည်။
မောင်သည်အခန်းထဲဝင်လာကတည်းကသူ့ကိုတစ်ချက်ပင်မကြည့်ပဲ ရေချိုးခန်းထဲတန်းဝင်သွားချေသည်။ မည်မျှမှမကြာလိုက် တစ်ခုခုကိုသတိရသွားဟန်ဖြင့် အလျင်စလိုပြန်ထွက်လာလေကာ ခရီးဆောင်အိတ်ထဲမှတစ်ခုခုကိုရှာဖွေနေလေသည်။
ခဏအကြာ ရေတစ်ခွက်နှင့် ဆေးကတ်တစ်ခုကိုကိုင်လျက် မိမိအနားလှမ်းလာသည်ကို မမှိတ်မသုန်သာငေးကြည့်နေမိသည်။
" လင်္ကာဆေးသောက်ရအောင်နော်" တဆက်တည်းရေခွက်ကိုကမ်းပေးလာ၏။
"....."
ဘာမှမပြောပဲခပ်ဆွေးဆွေးလေးငေးကြည့်နေသူကြောင့် Fredသက်ပြင်းခပ်လေးလေးတစ်ချက်ချလိုက်ကာ လင်္ကာငယ်၏ဘေးတွင်ဝင်ထိုင်လိုက်ပြီး
" မိုးမိထားတာမို့ ဆေးသောက်ရမယ်လေနော် မဟုတ်ရင်ဖျားမှာပေါ့"
ပါးစပ်ကလည်းပြောရင်း ချစ်သူ၏လက်ကိုဆွဲယူကာရေခွက်လေးကိုထည့်ပေးလိုက်၏။
ထိုအခိုက် ရေခွက်ထဲမှရေတို့ကိုချက်ချင်းပင်မော့သောက်ချလိုက်ကာ Fredထံသို့ ခွက်ကိုပြန်ကမ်းပေးလာ၏။
ချစ်သူကမ်းပေးလာသောခွက်ကိုယူကာ ဆေးသောက်ရန်ရေနောက်တစ်ခွက်ထပ်ခပ်ရလေတော့သည်။ ထိုစဉ်တွင်ပင် ကုတင်စွန်း၌ထိုင်နေသူက အိပ်ရာပေါ်အကျအနတက်သွားကာ စောင်ပုံထဲတိုးဝင်သွားလေတော့သည်။
မိုးရေထဲအတန်ကြာအောင်နေခဲ့မိသည်မို့ ဆေးမတိုက်ပဲအိပ်ခိုင်းလိုက်ပါက ဖျားမှာကြိမ်းသေသည်မို့ Fredအနေဖြင့် အိပ်ခွင့်မပြုနိုင်သေးပါချေ။
YOU ARE READING
My Beloved Tourist Guide (Complete)
Romanceမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*