Unicode
"ဝင်ခဲ့ပါ"
အထဲမှ ဝင်ခွင့်ပြုသည့်အသံအဆုံး ဘုန်းမြတ်လင်္ကာတံခါးကို အသာတွန်းဖွင့်လို့ ရုံးခန်းထဲဝင်ခဲ့လိုက်သည်။
အခန်းတံခါးဖွင့်သံ စားပွဲနားလျှောက်လာသည့် ခြေသံခပ်ဖွဖွ၊ ထို့နောက် စားပွဲပေါ်ရောက်လာသည့် ဖိုင်တွဲငယ်တစ်ခုနှင့်အတူ
"CEOတောင်းထားတဲ့စာရင်းပါ"
ဖိုင်တွဲကိုစားပွဲထက် တင်ပေးအပြီး ပြန်ရုတ်တော့မည့် လက်ကလေးကို အလျင်အမြန်ဖမ်းဆွဲထားမိတော့
"CEO" ဟူသော ခတ်ကြိတ်ကြိတ်ဟန့်တားသံလေးကြောင့် Fredတစ်ယောက်မပြုံးပဲမနေနိုင်။
ကိုတိကျလေးက မည်သို့ပင် နံရံတွေခြားလို့ နှစ်ကိုယ်တည်းရှိနေပါစေ ရုံးချိန်အတွင်းဆိုလျှင် CEOဟုသာခေါ်လေသည်။
ထိုင်လျက်နှင့်ပင် မတ်တပ်ရပ်နေသူ၏မျက်နှာတော်လေးကိုမော်ဖူးလိုက်တော့ ရုံးချိန်မှာ အနေအထိုင်ဆင်ခြင်ဆိုသည့် အကြည့်တို့ကို ပို့လွှတ်လာလေသည်မို့ ဆွဲထားမိသည့်လက်ကိုလွှတ်ပေးလိုက်ရလေသည်။
ထို့နောက် အလုပ်စားပွဲမှထလိုက်ပြီး ဧည့်တွေ့ရာထိုင်ခုံတို့ဘက်သို့ညွှန်ပြရင်း
"ခဏလောက်ထိုင်ပါဦးဗျာ ဌာနမှူးကိုကျွန်တော်ပြောစရာရှိသေးတယ်"
Fredတစ်ယောက် ထိပ်ဘက်ရှိထိုင်ခုံတွင်အရင်ဝင်ထိုင်လိုက်ပြီးနောက် ဘေးနားရှိထိုင်ခုံတွင် ထိုင်ရန်ဟန်ပြင်နေသည့် ချစ်သက်လျာလေးကို အားသုံးကာ လက်ကောက်ဝတ်ကနေဆွဲချလိုက်လေတော့ မသေးမသွယ်ခန္ဓာကိုယ်က ပြိုလဲကျလာလေသည်။
လက်ကောက်ဝတ်ကနေ ရုတ်တရက်အဆွဲခံလိုက်ရသည်မို့ ဟန်ချက်ပျက်ကာ ခန္ဓာကိုယ်ကလဲပြိုကျသည်မှာ မောင့်ပေါင်ပေါ်ထိုင်လျက်သားပင်။
ရုံးခန်းတွင်း တစ်ယောက်ယောက်ဝင်လာလျှင် အမြင်မသင့်သည်မို့ ပြန်ထရန်ရုန်းထွက်တော့ ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားကာ ရုန်းထွက်ခွင့်မပေး။
မောင်တစ်ယောက်ဟာ သိပ်ကိုဆိုးပါသည်လေ။
"CEO တစ်ယောက်ယောက်ဝင်လာရင်မသင့်တော်ပါဘူး ကျွန်တော့်ကိုလွှတ်ပါဦး"
KAMU SEDANG MEMBACA
My Beloved Tourist Guide (Complete)
Romansaမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*
