Unicode
"မေမေ့သားလေး သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေကွယ်"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေမေမေ"
ယနေ့ ကိုပြည်ချစ်မောင်၏ ခရီးစဉ်ကိုလိုက်ပါရမည်ဖြစ်သောကြောင့် ဘုန်းမြတ်လင်္ကာတစ်ယောက် အိမ်မှမထွက်မီ မိခင်အားကန်တော့နေခြင်းပင်ဖြစ်သည်
" ပစ္စည်းတွေစုံပြီလား သေချာစစ်ဦးနော်သား"
"ဟုတ်စုံပြီမေမေ၊ ကိုပြည့်မေမေ့ကိုသေချာဂရုစိုက်နော်"
"ဟုတ်ပါပြီဗျာ၊ ကိုကိုသာလမ်းခရီးဂရုစိုက်ဟုတ်ပြီလား"
"အေးပါကွာ၊ ဒါဆိုကိုကိုသွားပြီ၊ မေမေသားသွားပြီနော်"
"အေးကွယ်၊ သွားသွား လမ်းမှာဘုရားစာလေးဘာလေးလည်းရွတ်သွားဦးနော်"
"ဟုတ်ကဲ့မေမေ"
မေမေ့ပါးအားတစ်ချက်မွေးကြူနှုတ်ဆက်၍ Taxiငှားကာရုံးသို့ထွက်လာခဲ့လိုက်သည်
မိမိလိုက်ပါပို့ဆောင်ရမည့် ဧည့်သည်တော်ကိုတော့ မျက်ခုံးခပ်လှုပ်လှုပ်ပင် ဟိုတစ်နေ့က ရုပ်တည်ကြီးနှင့် သူ့အား ပေါ့ပေါ့ပါးပါး မောင် ဟုပင်ခေါ်ဆိုနိုင်ကြောင်းပြောခဲ့သေးသည်မဟုတ်ပေလော ထိုအခိုက်အတန့်တွင် မိမိ၏ရင်ထဲ၌ခံစားချက်လှိုင်းငယ်ကလေးတစ်ခုဖြတ်ပြေးသွားပါသည့်နှယ် သို့သော်ထိုခံစားချက်အား မည်သို့နာမတွင်ခေါ်ရမည်မှန်းလည်းမသိပေ မိမိ၏ကြောင်အသွားသောပုံစံကိုမြင်ပါမှ သူစ,နေတာဖြစ်ကြောင်းနှင့် သူ၏အမည်နာမအမှန်တို့ကိုထုတ်ပြောလာလေတော့သည်
ထိုနေ့ကရုံးမှတစ်ဆင့် မိမိလှည်းတန်းသွားတော့လည်း လိုက်လာခဲ့လေသည် လမ်းတလျှောက်ရောက်တတ်ရာရာစကားတို့ကိုဆိုရင်း အနှီလူငယ်မှာမိမိထက် လပိုင်းခန့်ငယ်ကြောင်းသိခဲ့ရလေသည် ပြန်ခါနီးအချိန်တွင်တော့ မိမိအား မျက်ဝန်းပြာများဖြင့် ရွှန်းရွှန်းစားစားကြည့်ကာ မည်သူမှမခေါ်ဖူးသေးသောနာမ်စားကိုသုံး၍ 'လင်္ကာ့ကို ကျွန်တော်မေတ္တာရှိပါတယ်ဗျ' သည်ဟုပင်ပြောသွားခဲ့သေးသည်
လိင်တူဖြစ်စေ လိင်ကွဲဖြစ်စေ စစ်မှန်သောချစ်ခြင်းမေတ္တာတိုင်းကို လက်ခံနိုင်သော်လည်း မိမိနှင့်နှစ်ကြိမ်သာဆုံတွေ့ဖူးကာ မေတ္တာရှိပါသည်ဟုပြောလာပါသော အနှီလူငယ်၏စကားကိုမည်သို့ယုံကြည်ကာတုံ့ပြန်ရပါမည်နည်း
أنت تقرأ
My Beloved Tourist Guide (Complete)
عاطفيةမောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချစ်မောင်)*
